Part 37 ( baby )

4.6K 329 13
                                    

Unicode

" ဘေဘီ ဘယ်ကဘေဘီလဲ ။ puppy လေးမွေးထားတာလား ။ "

" ဘာပြောလိုက်တယ် "

ရှိုင်းစကားကြောင့် မေမြတ်သူ ခဏတာ​တော့တွေဝေသွားပုံ ...ပြီးမှ ရှိုင်းရဲ့ကျောကို တဖုန်းဖုန်းရိုက်ရင်း စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည် ။

" မေနဲ့ ကိုခန့်ပိုင်နဲ့က ဟို...ဟို မယူဘူးဆို ။ ဘယ်က ကလေးက  "

အလန့်တကြားနဲ့ မေးလာသော ရှိုင်းကို မေကရယ်ရင်းနဲ့ပင် မနာကျင်စေသော လက်ဝါးတို့က ကျောပေါ်သို့ ဒုတိယအကြိမ်ရောက်လာပြန်သည် ...

" ရှိုင်းရယ်...နင်ကလည်း ပေါက်ပေါက်ရှာရှာတွေးတာကိုး...ငါ့ဘေဘီလေးဆိုတာက ငါ့သမီးလေးကိုပြောတာ ။ ချစ်စရာကောင်းတဲ့ သမီးလေး...သူပြန်လာတော့မယ်တဲ့ ။ အဲ့တာ မနက်ဖြန် ဆေးရုံဆင်းဖို့ သွားပြင်ဆင်ထားရအောင် "

" မေ...မေ ရှင်းအောင်ပြောလေဟာ "

" ထသွားကြစို့...ညနေစောင်းနေပြီ ။ "
" ဟဲ့သွားမယ်ဆို "

မြတ်သူက သေချာမရှင်းပြဘဲ သွားမယ် တကဲကဲလုပ်နေသောကြောင့် ရှိုင်းက ပေကပ်ထိုင်နေသည် ။ နောက်တော့ ထုံးစံအတိုင်းသူပဲ အလျော့ပေးပြီး မေထိုင်နေတဲ့ ဝှီးချဲလေးကို တွန်းပြီး အခန်းထဲ ပြန်ဝင်လာကြသည် ။

သမီးလေးဆိုသည့်ကိစ္စကို မေးပြောမဲ့ မေကမပြော...သဝန်တိုနေသည့် ရှိုင်းကိုသာ ရယ်ရင်း စကားလွဲသွားတတ်သည် ။

********************

မန္တလေးမြို့...

ငါးနှစ်ဆိုတဲ့ အချိန်ကာလက အရာတော်တော်များများကိုပြောင်းလဲစေသည် ။
အရင်က မိုးကုတ်မှာသာ ဆိုင်လေးရှိသော မြတ်သူတို့က အခုမူ မန္တလေးတွင်လည်း ဆိုင်ခွဲအများအပြားဖွင့်ထားသည်...။

ဆေးရုံကိုတော့ ရက်ချိန်းနဲ့ သွားပြရမှာဖြစ်ပြီး မန္တလေးက မေမြတ်သူတို့ အိမ်ကိုပဲ ​ပြန်လာကြသည်  ။

" ရှိုင်း...နင့်မိဘတွေ စိတ်ပူနေမယ်လေ ။ မန်းလေးရောက်ပြီပဲကို ပြန်လိုက်ပါလား "

" မာမီတို့ကို သေချာပြောပြထားပါတယ် ။ မေ့ဆီကိုလည်း လာဦးမယ်တဲ့ ။ မာမီက မေ့သတင်းကြားပြီးကတည်းက စိတ်ပူနေတာ..သူ့ဟာသူ မအားလို့မလာရတာ "

နင်စေရင် Where stories live. Discover now