Part 31( Bye love)

4K 367 44
                                    

Unicode

<< လိမ်စမ်းညာစမ်း
နှလုံးသားကို အရည်ပျော်သွား​အောင်လို့ 
နင်မရှိရင် မဖြစ်တဲ့ငါ့ကို
အနိုင်ယူလိုက်ပါဦး....>>

Sai Sai ရဲ့ လိမ်စမ်းညာစမ်း သိီချင်းလေး ဖွင့်ပြီးဖတ်ကြည့်...

အဲ ဘယ်လိုပြောရမလဲ ဇာတ်ဝင်တေးပေါ့

********************

လင်းသည်ဟု မဆိုသာသောအခန်းတစ်ခုတွင်
လျှပ်ပြေးနေသော ရောင်စုံ မီးလုံးများက နေရာယူထားသည်။ ဆူညံစွာကခုန်နေသော လူတွေကို ကြည့်ရင်း ဆိုင်၏ထောင့်တစ်နေရာရှိဝိုင်းတွင် ပြာပြာအရည်တွေကို တစ်ခွက်ချင်း မော့နေသော ကောင်မလေးတစ်ယောက်....

မိန်းကလေးတစ်ယောက်အတွက် သည်လိုနေရာမျိုးသည် အန္တရာယ်များလွန်းသော်လည်း သူကတော့ ဘာမှဂရုစိုက်ဟန်မရှိ။ လက်ထဲက ခွက်ကိုသာ တစ်စိုက်မတ်မတ်သောက်နေလေသည်။

"ရှိုင်း.... သူ့ပုံကြည့်တာ အတော်များနေပြီထင်တယ်"

" ဘယ်သူတွေလဲ...သွားကြကွာ၊ သွားကြ။ ငါ့ဆီ ဘယ်သူမှ မလာကြနဲ့။ ထွက်သွားကြစမ်းပါကွာ "

စကားသံ မသဲမကွဲနဲ့အတူ ထိန်းသိမ်းထားတဲ့ မျက်ရည်စတွေက အတားအဆီးမရှိကျ လာလေသည်။

" ငိုလိုက်ပါ...ဝအောင်ငိုလိုက် "

သူ့ရှေ့ရှိ ခုံတွင် ဝင်ထိုင်လိုက်သူများက အေးအိမ့်သူ၊ ယွန်းတိမ်လွှာ၊ နဒီတွယ်တာ....
သတင်းစာက ကြော်​ငြာနဲ့အတူ နေ့ချင်းညချင်း ပြောင်းလဲသွားသည့် အခြေအနေကြောင့် အေးအိမ့်သူ ပြင်ဦးလွင်ကနေ လိုက်လာခဲ့ခြင်းဖြစ်သည်။ မေမြတ်သူဆီသွားခဲ့ပြီဖြစ်သော်လည်း ဖြေရှင်းချက် ကောင်းစွာမပေးတာကြောင့် အဆုံးမှာ လက်လျော့လိုက်ရပြီး ရှိုင်းသူငယ်ချင်းများနဲ့ အတူ ရှိုင်းရှိရာစုံစမ်းပြီး လိုက်လာခြင်းပင်......

" အိမ့်...သိလား။ ငါဘာများမှားလို့လဲ..ငါ့ကိုဘာလုပ်ဒီလိုလုပ်ရက်ရတာလဲ "

သီချင်းသံကြောင့် အသံကတော့ ပီပြင်စွာမကြား။ ဘေးကလူတွေက ကွက်ကြည့်ကွက်ကြည့်လုပ်သွားသည်မှလွဲ၍ ဂရုစိုက်ပုံမရသောကြောင့် အဆင်ပြေသည်။

နင်စေရင် Where stories live. Discover now