Part 5 (တိတ်တိတ်လေးသာ နေပေးပါ့မယ်)

5.5K 405 18
                                    

Unicode

" တိတ်ဆိတ်ခြင်းဟာ ပညာတစ်မျိုးပဲတဲ့ "

ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့ ရှိပေမယ့်လည်း...
ဒီဒေါသကို ထုတ်မပြချင်ခဲ့ဘူး~~

မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့ ခံစားရပေမယ့်လည်း...
မျက်နှာမှာ မပေါ်လွင်ချင်ခဲ့ဘူး~~

ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ
ဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း.. ဖော်ပြမနေချင်ခဲ့ဘူး~~

လူပဲလေ ခံစားခ်က္ကေတာ့
အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ
ဒီခံစားခ်က္ကို ဖော်ထုတ်ပြတဲ့ပုံစံလေးတွေတော့ကွာမှပေါ့~~

ဖော်ပြလို့လည်း မထူးဘူးဆိုရင်တော့
ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲလေ~~

အဆင်ပြေတဲ့တစ်ရက်တော့ ကိုယ် ခံစားရတဲ့အကြောင်းတွေ ပြောပြချင်မိပါတယ်

ဒီကြားထဲတော့...
အတတ်နိုင်ဆုံး တိတ်ဆိတ်နေလိုက်ပါ့မယ်

" ဟင် မွန်.မွန်လတ် နင်က "

" ဟုတ်တယ် အဲ့တာကိုယ့် acc ။ ယောကျာ်းလေးနာမည်ကြီးနဲ့ဆိုတော့ မထင်ဘူးမလား "

" နင့်ကိုလေ ငါအရမ်းကြိုက်တာ "

မေမြတ်သူကတော့ သဘောရိုးနဲ့ပြောလိုက်တာဆိုပေမဲ့ ရှိုင်းရဲ့ရင်ထဲမှာတော့ ဒိုင်းကနဲ.....
မြတ်သူကတော့ သတိထားမိပုံမရ၊ သူပြောချင်တာသာ ဆက်ပြောနေသည်။

"ငါကြိုက်တာမှ တော်တော်ကိုကြာပြီ။ အပ္တာ မရဘူးလေ။ ဒီမှာကြည့် see first တောင်ထားထားတာ။ ငါကအသက်ကြီးကြီး အစ္ကို တစ်ယောက်ဖြစ်မယ်ထင်တာ။ နင့်လို မိန်းကလေးငယ်ငယ်တစ်ယောက်ဆိုတာ တကယ်မယုံနိုင်ဘူးသိလား "

ရှိုင်းရဲ့ စကားအမျှင်မပျက်အောင်ပြောချင်ပါတယ်ဆိုတဲ့ ဆန္ဒတွေတော့ ပြည့်မြောက်ပါပြီ။ မြတ်သူက ညအတော်နက်တဲ့ထိ သူမ ဘယ်လိုတောင် အံ့သြသွားလဲ ဆိုတဲ့အကြောင်းတွေ၊ ဘယ်လောက်တောင်ကြိုက်သလဲ ဆိုတာတွေ၊ ဘယ်ချိန်ထဲက စပြီး see first ထားခဲ့တာတွေ အကုန္လုံးကို မရပ်မနားပြောပြတော့သည်။

နင်စေရင် Where stories live. Discover now