Part 39 ( beautiful smile)

4.8K 310 4
                                    

Unicode

" သမီးလေး.... သွားကြရအောင် ။ တီလေးကိုလွှတ်ပေးလိုက်ပါတော့။ လာ ဖေဖေဆီလာ "

" ကြည် မေ့ဆီပြန်လာမယ်နော်.....မွ "

ကောင်းခန့်သူတို့မိသားစုကို လေဆိပ်လိုက်ပို့နေခြင်းပင်... ။ မခွဲနိုင်တဲ့ ကြည် နဲ့ မေ ကတော့ အနမ်းတွေပေးရင်း မလွမ်းအောင်လုပ်နေကြသည် ။ သွားရမဲ့ အချိန်နီးပြီဖြစ်တာကြောင့် ကိုထိုက်က မြတ်သူဆီမှ ကလေးကို ခေါ်လိုက်သည် ။

" အကိုတို့ သွားပြီ ။ ညီမတို့လည်း အစစအရာရာဂရုစိုက်နော် ။ "

" အွန်းပါ..ကိုခန့်တို့ ဘာမှမပူပါနဲ့ ။ နောက်နှစ်ထဲဆို မေ ကျောင်းတက်ရမဲ့ အရွယ်ရောက်နေပြီမလား ။ ပြန်လာဖို့လည်း လုပ်ကြပါဦး "

" အကိုတို့ အဆင်ပြေတာနဲ့ မြန်မာနိုင်ငံကို ပြန်လာမှာပါ ။ ဟိုမှာက အလုပ်တွေ အခြေကျနေတော့...."

" ဟုတ်ကဲ့ပါ...ကျန်းမာ​​ရေးလည်းဂရုစိုက်​ကြနော်  "

ခဏတာ စောင့်နေပေးပြီး လေယာဥ်ထွက်မှပဲ ပြန်လာခဲ့ကြသည် ။

" ရှိုင်း...မေမေတို့ဆီသွားကြမလား ။ မတွေ့တာတောင် အတော်ကြာပြီပဲ "

" အခုသွားမလို့လား...."

" မေမေတို့မအားလို့လား...အဲ့ဒါဆိုလည်း နောက်မှပေါ့ "

" မဟုတ်ပါဘူး....မေ ပင်ပန်းနေမှာစိုးလို့ "

" လေဆိပ်လိုက်ပို့ပြီး ကလေးဖက်တာလောက်နဲ့ မပင်ပန်းပါဘူးဟာ "

" ဒါဆိုလည်း သွားကြတာပေါ့ ။ မာမီလည်း မေ့ကို မေးနေတာ "

" market တစ်ခုခုထဲ အရင်ဝင်လိုက်..
မေမေတို့အတွက် လက်ဆောင်ဝယ်သွားရအောင် "

" ကောင်းပါပြီဗျာ...."

ရှိုင်းလည်း အနီးနားက စတိုးတစ်ခုမှာ ရပ်ပေးလိုက်သည် ။ မေနဲ့ သင့်လျော်တာတွေ ရွေးချယ်ပြီး ဝယ်ကာ ရှိုင်းမာမီအိမ်သို့ ဦးတည်ခဲ့သည် ။

ရှိုင်းအိမ်ကို သွားတဲ့လမ်းတစ်လျှောက်လုံး မေစိတ်တွေလှုပ်ရှားနေခဲ့သည် ။ ပထမအကြိမ်သွားတုန်းကလို....
ကိစ္စတွေဖြစ်ပြီးတဲ့နောက်ပိုင်း မပက်သက်မိပေမဲ့ မေ့အကြောင်းကို သိသွားတာနဲ့ ရှိုင်းရဲ့မာမီက သူလည်း သတိရကြောင်း ပြောပြရှာသည် ။ သူလည်း အခြေအနေကြောင့်သာ မခေါ်မပြောဖြစ်ခြင်းသာ...မေ့ကိုတော့ သမီးအရင်းတစ်ယောက်လို တကယ် သံယောဇဥ်ရှိသည် ။

နင်စေရင် Where stories live. Discover now