Part 33 ( သူ ဘယ်သူလဲ)

4.5K 406 72
                                    

Unicode

ကိုကို့ကို မချစ်ခဲ့ဘူး
             သိပ်ကိုလှပပြီး
                       ခမ်းနားတဲ့
                                 မုသားတစ်ခု

*************************

ဒီနေ့လေ ကိုကို့ကို သိပ်ပြောချင်တဲ့စကားတွေရှိတယ်သိလား ။
မပြောဖြစ်တော့ဘူးထင်ပါတယ် ။
ကိုကို့အသံကလေ အရမ်းနားထောင်လို့ကောင်းတာပဲ ။ အရင်တခါက မြန်မာလို ဆိုပြတော့လည်း ကောင်းတယ် ။ အခု အင်္ဂလိပ်လို ဆိုတော့လည်း တကယ့် perfect ပဲသိလား ။

1 year anniversary မှာ ဒီလို ကိစ္စတွေ ဖြစ်သွားမယ်လို့ တကယ်မထင်ထားဘူး ။
ကိုကို မေ့နေတာရှိတယ်သိလား ။
ဒီနေ့က မေ ခွဲစိတ်ပြီးတာ လေးလပြည့် ဆေးချိန်းလေ ။
မေ မနက်ကသွားစစ်တော့ ဒေါက်တာကပြောတယ် ။
ခွဲစိတ်တာ အောင်မြင်တယ်ဆိုပေမဲ့ ပျောက်သွားတာ မဟုတ်ဘူး။ ရောဂါက အချိန်မရွေး ထဖောက်နိုင်တယ်.....အခုတောင် symptoms တွေ ခံစားရတယ်မလားတဲ့။
မေ့ ရင်ဖက်လေးကို အသာကိုင်ကြည့်တော့လေ အကောင်ငယ်လေးက စည်းချက်မှန်မှန် ခုန်နေတာကိုကိုရဲ့ ။
မေလေ stress နည်းနည်းဖြစ်မိပေမဲ့ ညနေကျရင် ကိုကိုနဲ့ တွေ့ရမဲ့စိတ်ကြောင့် အရမ်းပျော်တာပဲ ကိုကိုရယ် ။

တကယ် မယုံနိုင်ဘူး ကိုကိုက လက်ထပ်ခွင့်တောင်းလိမ့်မယ်လို့ ။ သိပ်ဝမ်းသာတာပဲ ။
မေ့အခြေအနေကို ကိုကို့ကိုအကုန်ပြောပြဖို့ လုပ်ထားပေမဲ့ ကိုကိုလွန်တာကိုသိလား။
Scholar ရတာကိုမသွားဘူး။ သိပ်ဆိုးတာပဲ။ ကိုကို့ အိမ်မက်တွေ မဟုတ်လား ။
မေ့ကြောင့် စွန့်လွှတ်မယ်ပေါ့...
မေ ကိုကို့ကို ချစ်တယ် ဒါပေမဲ့ ဒါမျိုးတော့ အားမပေးနိုင်ဘူး ကိုကို ။

ကိုကိုသွားကို သွားရမယ်...
မေ့လို ကိုယ့်အသက်ကိုယ်တောင် မပိုင်တဲ့လူဆီမှာ ကိုကိုမရှိနေသင့်ဘူး ။

************************

တောင်းပန်ပါတယ် ကိုကို..
မေ ဒီလိုလုပ်မှ ဖြစ်မှာမလို့ပါ ။
မေလုပ်သမျှက ကိုကို့အတွက်ကြီးပဲဆိုတာ ယုံပေးပါနော် ။

ကိုငယ်ကိုလေ မေနဲ့ ဟန်ဆောင်ပြီး တွဲပေးဖို့ အကူအညီတောင်းခဲ့တယ် ။
မေမေ့ကိုလည်းအကြောင်းစုံရှင်းပြတော့
ရှိုင်းနာကျင်မှာမလို့ စဥ်းစားပါဦးလားတဲ့ ။
ကိုကိုက မေမေ့ကို အပီချုပ်ထားတာပဲ ။
ကိုကိုက တွဲတာလောက်နဲ့ မရမှန်းသိလို့ မေ စေ့စပ်ဖို့အထိ လုပ်ခဲ့တာပါ ကိုကို ။

နင်စေရင် Opowieści tętniące życiem. Odkryj je teraz