Part 22 (ထာဝရရဲ့ နှစ်ဆ)

4.1K 324 11
                                    

Unicode

Boy to Boy မဂ်လာပွဲဖြစ်တာမို့
လူအများကြီးနဲ့ ပွဲစည်အောင်လုပ်တာမျိုးမလုပ်ကြပဲ ရုံးတက် လက်မှတ်ထိုးပြီး..မနက်ပိုင်းမဂ်လာဆွမ်းကပ်ကာ ညနေတွင် ခြံထဲ၌ မိသားစု မိတ်ဆွေတွေနဲ့ အသေးစားပါတီလေးသာ လုပ်လိုက်ပါသည်...
ပတ်ဝန်းကျင်မှ အတင်းအဖျင်းများကိုလည်း ဂရုမစိုက်... မိတ်ဆွေအပေါင်းအသင်းတွေရဲ့ သွေးထိုးစကားတွေကိုလည်း လျစ်လျူရှုပြီး လက်ခံပေးခဲ့သည့် ဖခင်ဖြစ်သူအား တကယ်ပင် ကျေးဇူးတင်ရပါသည် ။ လက်ခံပေးရုံမှမက လက်ထပ်ဖို့အထိ ခွင့်ပြုပေးခဲ့သည်မှာ ယုံနိုင်စရာပင်မရှိ.. မဂ်လာပွဲတွင်လည်း မငြူမစူပဲ ပျော်ရွင်ဝမ်းမြောက်စွာ ချီးမြှင့်ပေးသေးသည် ။

ကိုခန့်တို့မင်္ဂလာပွဲကို ရှုတ်ချသူတွေရှိပေမဲ့ အနှောင့်အယှက် မရှိဘဲအောင်မြင်စွာနဲ့ ပြီးဆုံးသွားပါသည် ။ ကိုခန့်တို့ကတော့ ပွဲပြီးတာနဲ့ honeymoon ထွက်သွားကြသည် ။

* မေ..လွမ်းလို့သေတော့မယ် *

* အပိုတွေ ပြောမနေနဲ့ မတွေ့ရတာ နှစ်ရက်လေးရှိသေးတယ် *

* နှစ်ရက်ပဲ ဟုတ်ရဲ့လား..ကိုယ်က နှစ်ကမ္ဘာလောက်ခြားသွားပြီမှတ်နေတာ *

*အေး ပရမ်းပတာတွေ တအားတတ်..မနက်ဖြန်ဆို ပြန်လာပြီပဲကို *

* ကိုယ်မနက်ဖြန်ကျရင်လေ
Major trip သွားရမှာ..နေပြည်တော်ကိုတဲ့..*

* ဟာ..ဘယ်နှစ်ရက်လဲ *

*သုံးရက် နှစ်ညအိပ် *

*အွန်း..ကောင်းကောင်းသွားပြီးပြန်ခဲ့ '*

* ဟူး..ကျောင်းတက်ရင်မေနဲ့ ပိုတွေ့ရမယ်ထင်တာ..အခုတော့ *

* မတွေ့ရတာလည်း မဟုတ်ဘူး..အဲ့လိုတွေ
မပြောစမ်းနဲ့။ အိပ်တော့မယ်*

* ဟုတ်ကဲ့ပါဗျာ...good night...sweet dreams..ချစ်တယ်နော် *

* အွန်း..good night..ချစ်တယ် *

___________

ဒေါ်လေးတို့ မိသားစုကတော့ မိုးကုတ်မှာပဲ နေခဲ့သည် ။ ထို့ကြောင့် ကျောက်ဆည်ကို ကိုငယ်နဲ့ နှစ်ယောက်ထဲပြန်ဖို့ စီစဥ်ရသည် ။

" သမီး..မောင်တေဇ ရောက်နေပြီ..
သွားကြစို့.. ဟို​ရောက်ရင်သူငယ်ချင်းတွေကိုလည်း  လက်ဆောင်တွေ ခွဲပေးလိုက်နော် ''

နင်စေရင် Where stories live. Discover now