Part 36 ( ချစ်ခြင်း ကိုမာ)

4.8K 376 42
                                    

Unicode

ချစ်ခြင်းတရားမှာလည်း ကိုမာရောဂါ ရှိပါတယ် ။

_______________________________

သူ့ဘဝလေး စိုလာတော့လည်း

အတိုအထွာအကြောင်းပြချက်တွေနဲ့

အနားကနေ ပိုခွာ သွားတယ်။

တကယ်ပါပဲ

ဆုံဆည်းခြင်းတရားမှာ သက်တမ်းတိုခဲ့တော့

တစ်ယောက်ထဲ ငေးမောလွမ်းဆွတ်ခြင်းမှာ

သက်တမ်းသွားရှည်တယ်။

ချစ်ခြင်းတရားကို ဘယ်သူတွေ ဘယ်လိုပဲခေါ်ခေါ်

ငါကတော့ ချစ်ခြင်းတရားကို

ဘယ်လိုအခြေနေဖြစ်ဖြစ် ဘယ်လိုပုံစံဖြစ်ဖြစ်

လက်ခံပြီး ချစ်နေခြင်းကို ချစ်ခြင်းတရားလို့ ခေါ်ပါတယ်။

လွမ်းတတ်သူ အတွက်ကတော့

လွမ်းချင်စရာတွေနဲ့ ပြည့်နေတတ်တာပါ

ခွင့်လွှတ်ပါတယ်

မင်းငါ့ကို လူမှားပြီး ချစ်ခဲ့တယ်လို့

ဖြည့်တွေးပါတယ်။

နောက်လူက မင်းချစ်ခြင်းတရားကို

နောက်သွားမှာကိုလည်း တကယ့်စိတ်ရင်းနဲ့ စိတ်ပူပါတယ်၊

မင်းကို စိတ်မချတာကလွဲရင်

ကျန်တာအကုန် စိတ်ချပါတယ်

ပြီးတော့ ချစ်ခြင်းတရားနဲ့ ပက်သက်ရင်

ဘာတဲ့ဆို အရှုံးပေး မျက်ရည်ဝဲတတ်သူဟာ

စိတ်ပျော့ညံ့တာ မဟုတ်ဘူးဆိုတာကိုလည်း

ပြောခွင့် မရပဲ ပြောပြချင်ပါသေးတယ်။

အသက်ကလေး ရှင်တယ်ဆိုရုံပါပဲ

မသေသေးသူလို့ ခေါ်ဆိုလို့ ရရုံပါပဲ

နင်စေရင် Nơi câu chuyện tồn tại. Hãy khám phá bây giờ