Part 3 (just friend )

6.5K 428 10
                                    

Unicode

Just friend......

ချစ်နေရက်နဲ့ သူငယ်ချင်းအဖြစ်ပဲ နေတာကိုပြောချင်တာလား~~

ကျွန်တော်ခံယူတဲ့ just friend ဆိုတာ
တစ်စုံတစ်ယောက်ကို ချစ်မိနေပြီး
မဖွင့်ပြောရသေးခင် သူငယ်ချင်းမကျ ရည်းစားမကျ ကြားအခြေအနေကိုပြောတာမျိုးမဟုတ်ဘူး

အရင်ကတည်းက ခင်မင်တွယ်တာခဲ့ရတဲ့သူ...
အဖြူရောင်သံယောဇဉ်ကြိုးလေးမှာ အရောင်တွေရောယှက်လာတဲ့အခါ
မထင်မှတ်ပဲ ဖြစ်ပေါ်လာတဲ့ အချစ်မျိုးပေါ့...
သူ့ဘက်က အခြေအနေကိုတော့မသိပေမဲ့
ကိုယ့်ဘက်က မရိုးသားတော့တဲ့အခါ....
ဖွင့်ပြောဖို့လည်း မဝံ့ရဲတဲ့စိတ်.....
ဒီသူငယ်ချင်းသံယောဇဉ်လေးပါ ပြတ်တောက်သွားရင် ဆိုတဲ့ စိုးရိမ်စိတ်လေး....
ဖြစ်လာမဲ့ အရာတွေကို ကြိုတွေးပြီး ရှေ့ဆက်တိုးဖို့သတ္တိမရှိတဲ့အခါ.....

တကယ်တော့ သူငယ်ချင်းဆိုတဲ့ အရာက
တချို့လူတွေအတွက် ရှေ့မတိုးသာ နောက်မဆုတ်သာတဲ့ စည်းလေးပါပဲ......

......................................................................

" ငါက ပြင်ဦးလွင်ကလေ၊ ဒီရောက်တော့ အဖော်မရှိလို့ တစ်ယောက်တည်းဖြစ်နေတာ။ အခန်းဖော်နဲ့ကလည်း section မတူတော့ အတန်းချိန်ကမတူဘူးလေ အဲ့တာကြောင့်."

"ငါတို့က မိုးကုတ္ကေလ ပြင်ဦးလွင်နဲ့ နီးတာပဲ။ ခုငါတို့သူငယ်ချင်းဖြစ်သွားပြီပေါ့နော်၊ ငါ့နာမည်က ထက်ထက်ဖြူ။ သူက မေမြတ်သူတဲ့ ..ဒါနဲ့ နင့်နာမည်လေးက ချစ်စရာလေးသိလား "

အဆောင်ပြန်လာတဲ့ လမ်းတလျှောက် ကျွန်မတို့သုံးယောက် စကားတပြောပြောနဲ့ ပြန်လာခဲ့ကြပြီး အဆောင်ရှေ့ရောက်မှပဲ ကိုယ့်အခန်းကို သွားဖို့ လမ်းခွဲလိုက်ကြသည်။

အခန်းသော့ခတ်ထားပုံအရ ရှိုင်းမွန်လတ်ဆိုတဲ့ တစ်ယောက်ပြန်မလာသေးဘူးထင်ပါသည်။ ကျွန်မလည်း သူ ပေးထားတဲ့ သော့အပိုတစ်ချောင်းဖြင့် အခန်းထဲဝင်ခဲ့လိုက်ကာ
ခဏလောက်နားပြီး ရေချိုးဖို့ပြင်လိုက်သည်။

"အော် ရေချိုးမလို့လား၊ တံခါးစေ့ရုံစေ့ထားတာဆိုတော့ ဒီတိုင်းပဲဝင်လာမိတာ "

နင်စေရင် Where stories live. Discover now