Part 16 ( ချစ်ခြင်းရဲ့ နောက်ဆက်တွဲ)

4.4K 343 11
                                    

Unicode

သဝန်တိုခြင်း...
အချစ်ဆိုတဲ့အရာရဲ့ နောက်ဆက်တွဲ
ချစ်ရင် သဝန်တိုကြတယ်တဲ့...

မေမြတ်သူ ညနေစောင်းလောက်မှ ရှိုင်းတို့အိမ်က ပြန်လာခဲ့သည်။ ဒေါ်မွန်မွန်လတ်က ပြန်တောင်မလွတ်ချင်။ နေ့တိုင်းလာလည်ပါဟု တဖွဖွမှာနေသည်။ မနက်ဖြန်အ​ကြတ်နေ့မှာလည်း ၇မိုင်သို့သွားရန် စီစဥ်ခဲ့ကြသည်..

မေအိမ်ပြန်ရောက်တော့ ပုလဲဖြူတို့လည်း
အိမ်ရောက်နှင့်ပြီ ဖြစ်သည်။ အခန်းတံခါးကို ခေါက်ပြီးတော့ လော့ခ်မချထားသည့်တံခါးကို ဆွဲဖွင့်လာသည်။ တံခါးဘောင်မှာ ကျောမီရင်း အခန်းတွင်းရှိ ​ေမမြတ်သူကို မေးခွန်းထုတ်သည်။

" မြတ်သူ.. နင်ဒီနေ့သွားတဲ့အိမ်ဆိုတာ ရှိုင်းတို့အိမ်လား..''

" ဟုတ်တယ်လေ မဖြူ ..ဘာလို့လဲ ''

"သူများအိမ်ကို ကြိုက်မှန်းမသိ ၊ မကြိုက်မှန်းမသိ လျှောက်သွားလည်မနေနဲ့ ''

" အင်းပါ..''

" မေမေက ထမင်းစားကြမယ်တဲ့၊ ဆင်းလာခဲ့တော့.. "

အင်းလား.. ဟုတ်လား.. မြတ်သူဘာပြန်ဖြေလိုက်မိလည်း မသိတော့ပါ။ ခါတိုင်းလို ဖော်ရွေမနေသည့် မပုလဲဖြူကို ကြည့်ရတာ တစ်ခုခုက လွဲမှားနေသလို။ မဟုတ်မှ.. သူတို့ကိုများ ရိပ်မိနေသလား.. စိုးရိမ်စိတ်က ရင်ဝကို ထိတ်ကနဲစောင့်တက်လာသည်။

သင်္ကြန်အကြတ်နေ့တွင် ရှိုင်းတို့နှင့် အတူလည်ဖိူ့ စီစဥ်ထားခဲ့တာဖြစ်သည်။ ရေစိုမှာ ဖြစ်သဖြင့် ဆံပင်တွေ ပြန့်ကျဲမနေအောင် မေမြတ်သူ ဆံညစ်အသေးလေးတွေကျစ်ထားလိုက်သည်...

" မြတ်သူ.. ဒီနေ့ရော ဘယ်သွားဦးမလို့လဲ
ဒီလိုကြီးပြင်ဆင်ထားရတာ၊ လည်မလို့လား.. ''

" အင်း ၇ မိုင်ကို.. ''

" ဘယ်သူတွေနဲ့လဲ ''

" ရှိုင်းနဲ့လေ.. မဖြူလည်း မဖြူသူငယ်ချင်းတွေနဲ့ လည်မှာမလား။ မီးသွားတော့မယ် ရှိုင်းစောင့်နေပြီတဲ့ ''

" ဟဲ့ ခဏ..ခဏ၊ အိမ်ပေါ်က ငါ့အခန်းထဲမှာ ရေစိုခံအိတ်လေးကျန်ခဲ့လို့ သွားယူပေးပါလား.. စားပွဲပေါ်မှာ တင်ထားခဲ့တယ် ''

နင်စေရင် Where stories live. Discover now