Part 14(first date)

4.8K 356 10
                                    

Unicode

* morning May * ( 3hr ago)

ပြောင်းလဲနေသော ပန်းရောင် conservation ကို ကြည့်ပြီးမေမြတ်သူပြုံးမိသည် ။
ဒါက သူမအတွက် ပထမဆုံးဖြစ်သည်။

* morning *
* အစောကြီးနိုးနေတာလား *

* ခုမွထတာလား အိပ်ပုတ် *

စတာမှန်းသိပေမယ့် သူမမြင်နိုင်သည့် တစ်နေရာကနေ နှုတ်ခမ်းလေးဆူလိုက်သည်။ ဘေးမှာသာ ရှိနေရင်တော့ ရှိုင်းလက်မောင်းတစ်ဖက်က ရိုက်ခံရမှာ သေချာသလောက်။

* မဟုတ်ပါဘူး ထတာကြာပေါ့ *

* ခဏေန ကိုယ်မေ့ကိုလာခေါ်မယ်နော် *

* ဘာလို့လဲ *

* ဒီနေ့က ကိုယ်တို့ first day လေ *

* ဘာလုပ်မှာလဲ *

* မေ့ သေဘာ *
* ပြင်ထားတော့ ကိုယ်ခဏနေလာမယ်*

မှန်တင်ခုံရှေ့တွင် အလုပ်ရှုပ်နေသော မိန်းကလေးတစ်ယောက်။ Baby mind သာ လိမ်းသည့်သူမအတွက် မပုလဲဖြူပေးထားသည့် consmetic တွေကို အဖုံးတောင် ဘယ်ကစဖွင့်ရမှန်းမသိပေ။

ခါတိုင်းတွေ့နေကျဆိုပေမဲ့ ဒီလိုနေ့မျိုးတွင် သူ့ရှေ့မှာ အလွဆုံးက ကိုယ်ပဲဖြစ်ချင်မိတာ လြန္သလား...

ဒါလေးဝတ်ရမလား.. တိုလွန်းတယ်ထင်တယ်
တွေ့မှာက ကောင်မလေးလေ ကောင်လေးမှ မဟုတ္တာကို ဘာဖြစ်လဲ။ ဒါလေးပဲဝတ်လိုက်မယ်..
မဟုတ်သေးပါဘူး နည်းနည်းသေးနေသလိုပဲ

အဝတ်တွေတစ်စုံပြီးတစ်စုံလဲကာ တစ်ယောက်တည်း ငြီးတွားနေသည် ။ ဘာကိုမွ သဘောတကျမဖြစ်သေး

'Ring Ring Ring' ကုတင်ပေါ် ပစ်တင်ထားသည့် ဖုန်းက တတီတီမြည်ရင်း တုန်ခါလာသည်။

" ပြော ''

" မေ ကိုယ်အိမ်ရှေ့ရောက်နေပြီ "

" ဟင် အခုရောက်ပြီလား.. မြန်လိုက်တာ ''

" ကိုယ္က ခဏလို့ပြောထားတာ။ ကားဝင်ဆေးနေတာနဲ့ တစ်နာရီလောက်ကြာသွားတာ။
မေစောင့်နေရမှာစိုးလို့ စိတ်ပူနေတာကို ''

နာရီပြန်ကြည့်မှ ချိန်းထားသည့် အချိန်ကျော်နေပြီဖြစ်သည်။ သို့သော် သူဘာမှပြင်မပြီးသေး။ ဗီရိုတစ်ခုလုံးသွန်ထားတဲ့အတိုင်း အခန်းကလည်း ရှုပ်ပွနေပြီ။ လိမ်းနေကျ ဘေဘီမိုင်းတောင်မလိမ်းပြီးသေးတာမို့ ချက်ချင်းပြာသွားသည်။

နင်စေရင် Where stories live. Discover now