Part 38 ( outdoor)

4.4K 330 30
                                    

Unicode

မန္တလေးပြန်ရောက်တာ တစ်လလောက်အကြာမှာတော့ မေမြတ်သူ ကျန်းမာရေးက သိသိသာသာကောင်းလာပါသည် ။
သူ မပျင်းတာလည်းပါသလို ရှိုင်း ဂရုစိုက်ပေးတာလည်း ပါလိမ့်မည် ။

" ကြည် ဒီနေ့ အပြင်သွားလည်ကြမယ်နော် "

".....မေ့နဲ့ အတူသွားရမှာလား "

" ဒါပေါ့...ဒီကို ဒေါ်လေးရော တူတူသွားမယ်နော် "

ရွှေရောင်ဆံပင်ရှည်တွေကို နှစ်ဖက်မျှစီးထားပြီး လက်ထဲကအရုပ်လေးကို မြှောက်ကာဆော့နေတဲ့ ကြည် က မေနဲ့ အပြင်သွားရမည်ဆိုတော့ အတော်ပျော်သွားပုံပင် ။

" ဖေကြီးကို လှလှ ဝတ်ခိုင်းရမယ် "

အရုပ်လေးကိုပိုက်ပြီး လုံးလုံး လုံးလုံးနဲ့ ကိုခန့်တို့အခန်းထဲ ဝင်သွားပြန်သည် ။

***********

ပြင်ဆင်ပြီး ထွက်လာကြတော့ မေက စိမ်းပြာရောင် မြန်မာဝမ်းဆက်လေးကို ကတ္တီပါ အပါးလေးနဲ့ လိုက်ဖက်စွာ ဝတ်ဆင်ထားသည် ။ နဂိုပန်းရောင်သန်းတဲ့ ပါးလေးနဲ့ ခပ်ရဲရဲဆိုးထားသည့် နှုတ်ခမ်းဖူးဖူးလေးက ရှိုင်းမျက်နှာ မလွဲချင်အောင် ဆွဲဆောင်လျက် ။
လက်ထဲမှာ ဝကစ်လေး ကြည် ကို တွဲထားသည် ။

ရှိုင်းလည်း မြတ်သူ ပြင်ပေးသည့် မေနဲ့ အဆင်တူ ဝတ်စုံလေးကို လှပစွာ ဝတ်ဆင်ထားသည် ။ ကျောလယ်ထိရှည်နေပြီဖြစ်တဲ့ သူ့ဆံပင်တွေကို ခပ်မြင့်မြင့်စိီးထားကာ သူမပုံက သွက်လက်ပြီး ချစ်စရာကောင်းသည် ။

အပြင်မသွားတာကြာလို့သာ ထွက်လာကြခြင်းဖြစ်သည် ။ ဘယ်သွားရမှန်း သူတို့ကိုယ်တိုင်မသိ ။ ငါးနှစ်ကြာ နိုင်ငံခြားမှာနေခဲ့တဲ့ ရှိုင်းနဲ့ အိပ်ရာထဲလဲနေခဲ့တဲ့ မြတ်သူတို့ နှစ်ယောက်မှာ ကားသာမောင်းလာကြပြီး ဦးတည်ရာ မဲ့နေသည် ။

" မေ့...  ကြည် တို့ ဘယ်သွားမှာလဲဟင် "

မေ့အပေါ်မှာ ထိုင်နေတဲ့ ကြည်က ခေါင်းလေး မော့ကာ မေးလာသည် ။

" ဟိုလေ....ဟို... ရှိုင်း ဘယ်သွားမှာလဲတဲ့ "

မဖြေတတ်တော့ ရှိုင်းကို လွှဲချလိုက်သည် ။
ရှိုင်း မှာလည်း ကားသာ မောင်းနေတာ ဘယ်သွားလို့ ဘယ်လာရမှန်းမသိ.......

နင်စေရင် Where stories live. Discover now