Part 30 (we broke up)

3.9K 351 32
                                    

Unicode

" လက်ထပ်မယ်။ ဟက် "

မေမြတ်သူ ခပ်ဟဟရီလိုက်ပြီး

" ငါ အနာဂတ်မရှိဘဲ လမ်းပျောက်နေတဲ့ လူတစ်ယောက်နဲ့ ရှေ့မဆက်နိုင်ဘူး "

တည်ငြိမ်စွာပင်ပြောကာ လှည့်ထွက်သွားသည့် မေမြတ်သူကို နောက်မှ သိုင်းဖက်လိုက်သည် ။

" ကိုယ်တို့အမြဲအတူနေကြမယ်လေ ။ ကိုယ့်အမြဲမေ့ဘေးနားမှာရှိနေမှာ ။ မေ့က ကိုယ့်ဘဝမှာ အရေးပါဆုံးပဲ "

" ဦးတည်ချက်မဲ့နေတဲ့လူတစ်ယောက်နဲ့ ရှေ့ဆက်ရလောက်အောင် ငါမရူးသေးဘူး "

" မေ ဘာကိုဆိုလိုချင်တာလဲ "

" ငါပြောတာ ရှင်းပါတယ်...ငါနင်နဲ့ ဆက်မတွဲနိုင်ဘူးလို့ ။ ပိုရှင်းရှင်းပြောမယ် ရှိုင်း နင်နဲ့ငါ ပြတ်ပြီ "

ဖက်ထားတဲ့သူ့လက်တွေကို ရုန်းကာ အပြင်သို့ထွက်သွားတဲ့ သူမရဲ့ လက်ကိုမိမိရရဆွဲလိုက်သည် ။

" ငါနင်နဲ့ ဆက်​ပြီးမပတ်သက်ချင်တော့ဘူးဟာ "

အံ့သြမှုကြောင့် သူ ဆွဲထားတဲ့လက်များ ပြေကျသွားသည်ချိန်တွင် မေကသူ့အဝေးကိုထွက်သွားခဲ့ချေပြီ...
သူ့ကို ကျောခိုင်းကာထွက်သွားသည့် မြတ်သူနောက်ကိုလည်း ဆက်မလိုက်မိ...
လက်ထဲမှ ကတ္တီပါဘူးအနီလေးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း
ဖြေသူမရှိတဲ့ မေးခွန်းများစွာနဲ့ ထိုနေရာမှပဲ ကျန်ခဲ့ပေသည် ။

မဟုတ်ဘူး နားကြားမှားတာနေမှာ..

မဟုတ်ဘူး မေက
ငါ့ကိုဘယ်တော့မှလမ်းခွဲမှာမဟုတ်ဘူး။

မေ စနေတာပါ ။
မေက ငါ့ကိုသိပ်ချစ်တာလေ။

စိတ်ဆိုးတုန်းမို့ ပြောတာပါ ။
ငါချော့လိုက်ရင် သူစိတ်ဆိုးပြေသွားမှာပါ..

သူအသိပြန်ဝင်လာတဲ့အခါမှာတော့ မေက မရှိတော့...

အိမ်ကိုလိုက်သွားတော့လည်း ပြန်မရောက်သေးဘူးတဲ့..

ဆိုင်ကို သွားပြန်တော့လည်း မရှိပြန်ဘူးတဲ့..
ဖုန်းခေါ်တော့လည်း မကိုင်...

ဘယ်လိုမှလည်း ဆက်သွယ်မရ...

အချိန်အတော်ကြာ မေရှိနိုင်မဲ့ နေရာတွေကို ပတ်ရှာပြီးကာမှ ပုလဲဖြူ ဆီမှ မေပြန်ရောက်နေပြီဆိုတဲ့ မက်ဆေ့ချ် ကြောင့် အိမ်ကိုစိတ်ချစွာ ပြန်လာခဲ့ပါသည် ။ အခုလို သွေးဆူနေတဲ့အချိန်တွင်တော့ မေ့ကိုသွားချော့လို့မဖြစ်သေး ။ ပိုဆိုးသွားနိုင်သည် ။...မနက်မှပဲ ချော့တော့မည်ဟုတွေးရင်း အိပ်ရာဝင်လိုက်သည်။ ထိုညတော့ ဘယ်လိုမှ အိပ်မရ....မေ့ကို ဘယ်လိုချော့ရမည်ဆိုတဲ့ နည်းလမ်းတွေကိုသာ စဥ်းစားနေမိသည်.....

နင်စေရင် Where stories live. Discover now