"‌သားလေး ‌ဖြေးဖြေးသွားချော်လဲမယ်"

"မိန်းမလာ ရောက်တုန‌်းရောက်ခိုက်သားလေးနဲ့အတူတူ သွားဆော့ ရအောင် "

လက်ကို ‌ဆွဲကာ ‌ပြေးလာပီး သားအမိသားအဖသုံးယောက် ရေကစားနေပြီး‌ေနာက် တိမ်တိုက်တုိ့အ‌ေရာင်စံုချိန်၌ အိမ်သို့ ပြန်လာခဲ့ ကြသည်။

"သားလေး ပျော်ရဲ့လား"

"ပျော်တာပေါ့ မေမေရဲ့"

"မေ့သားလေးပျော်ရင် အမေလည်းပျော်ပါတယ် "

ရင်ခွင်တွင်ပိုက်ထား‌ေသာ သားလေး၏ခေါင်းပေါ်သို့လက်နှင့်ပွတ်ပေးကာ အကြင်နာမျက်ဝန်းများဖြင့် ကားမောင်းနေ‌ေသာ ယောကျာ်းဖြစ်သူကိုတလှည့် သားဖြစ်သူကိုလှည့်ကြည့်နေသည်။

မီးပွိုင့်မိနေသဖြင့် ကားရပ်ထားရချိန် ဘေး‌တွင်ထိုင်နေသောသားအမိအား လှည့်ကြည့်စဉ်...

"ဒုန်း.....! "

ဘရိတ်မမိတော့သော ကုန်တင်ကားတစ်စီးဝင်လာကာ ကျယ်လောင်သောအသံနှင့်အတူ ကားမှာ အဝေးသို့နှစ်ပတ်သုံးပတ်လိမ့်ကာ ပက်လက်လန်သွားသည်။

ကုန်တင်ကားမှာ ဘေးရှိချောက်ထဲသို့လိမ့်ကျသွားပြီး ကားပိုင်ရှင်လည်း ထိုနေရာတွင်ပဲ ပွဲချင်းပြီးဆုံးပါးသွားခဲ့သည်။

ကားတိုက်မိမိချင်း ကလေးထိခိုက်မည်စိုးသဖြင့် မိခင်မှာကိုယ်လုံးနှင့်အုပ်မိုးကာ ကာကွယ်ပေးသည်။ ကလေးငယ်လေးမှာအရှိန်ကြောင့် ခေါင်းအနည်းငယ်ပေါက်ကာ နဖူးစပ်၌သွေးစများဖြင့်ရွဲနစ်နေသည်။

သို့သော်ထိုကောင်လေး၏ အမေမှာ သတိမရိှတော့ချေ။ အဖေ ဖြစ်သူမှာ အောက်ပိုင်းထိထားသဖြင့် မလှုပ်နိုင်တော‌့‌ေသာ်လည်း အက်ကွဲနေသောကားမှန်အား တံတောင်ဖြင့်‌ေဆာင့်ခွဲကာ သားလေးကို အတင်းထွက်ပြေးခိုင်းသည်။

"သားကို ဖေဖေနဲ့ မေမေ ချစ်တယ်နော် ဘာအ‌ကြောင်းပဲရိှရိှ နောက်ကိုလှည့်မ ကြည့်ဘဲ ‌ပြေးနော်သား ဖေဖေတို့အဆင်‌ပြေတယ်"

ကလေးလည်း အသားကုန်အော်ငို၍ သူ့အဖေ မှာထားသည့်အတိုင်း ကားထဲမှ ထွက်ကာ အစွမ်းကုန်‌ပြေးသည်။
ကားနားကထွက်ခွာ ပြီး မ ကြာခင်မှာပဲ ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ကားတစ်စီးလုံးမီးလောင်သွားခဲ့သည်။

သူမှလွဲ၍ _CompletedWhere stories live. Discover now