မမြင်ကွယ်ရာ ထောင့်တစ်နေရာမှ လှောင်ပြုံးပြုံးကာ တီးတိုးပြောဆိုနေသည်။
_______________________

မိုးပြာရောင်ကားတစ်စီးဖြင့် မိသားစုသုံးယောက် နွေရာသီ အပန်း‌ဖြေခရီး ထွက်လာ ကြသည်။ ကားအတွင်း၌ ရယ်မောသံများအပြည့်ဖြင့် ပျော်ရွှင်ဖွယ်အတိ။

"သားလေးရေ....ဟိုမှာကြည့်ပါအုံး"

ကားခေါင်းခန်း၏ညာဘက်အခြမ်းတွင်ထိုင်‌ေန‌ေသာ နုနုပျိုပျို အမျိုးသမီးတစ်ယောက် ပါးချိုင့်ကလေးတစ်ခု‌ေပါ်လာသည့်တိုင်‌ေအာင် နှုတ်ခမ်းဖျားလေးတွန့်ကာပြံုး‌ေနသည်။

အလှမှာ ကျက်သရေရှိလွန်းသည်။‌ေပါင်‌ေပါ်တွင်တင်ထား‌ေသာ သားဖြစ်သူြဖူဖြူလံုးလံုးက‌ေလးအား ကားမှန်အပြင်ဖက်ရှုခင်းကို လှမ်းပြနေသည်။

"ဝါး ပင်လယ် ကြီးပဲ လှလိုက်တာ
မေမေ.. သားတို့ အဲ့ကိုသွားနေတာလား"

"ဟုတ်တာပေါ့သားရဲ့"

ကားလမ်းမှာ ပင်လယ်ကိုဝိုင်းပတ်ကာ‌ဖောက်ထားခြင်းဖြစ်သဖြင့် မျက်စိတစ်ဆုံး ရေတွေသာမြင်ရသည်။ ပင်လယ်နှင့်တဖြည်းဖြည်းနီးကပ်လာသောကြောင့် ပင်လယ်မှလှိုင်းခတ်သံများကုိပါကြားနေရသည်။

အတော်အတန်မောင်းပြီးနောက် ပင်လယ်သို့ရောက်ရှိလာကြသည်။မနီးမဝေ‌းနေရာတစ်ခုတွင်ကားရပ်ကာ ကမ်းစပ်သို့သားအမိနှစ်ယောက်ပြေးလာကြသည်။

သားလေးအား လေစိမ်းတိုက်လျှင် အအေးပတ်မည်စိုးသဖြင့်အ‌ေနွးထည်ထူထူဝတ်‌ေပးထားသည်မှာ ပိုးတုံးလုံးကလေးနှင့်တူနေသည်။

ပါလာသောဖျာတစ်ချပ်အားခင်းကာ အိမ်မှအသင့်ထုပ်ပိုး၍ထည့်လာသော မုန့်နှင့် အစိတ်သေသေးလေးဖြစ်အောင်လှီးထား‌ေသာအသီးဘူးများအား တစ်ခုခြင်းထုတ်ပေးနေသည်။

"သားရေ သားဖေဖေကို ခွံ့ကျွေးလိုက်ပါအုံး"

"ဖေ ကြီး အာ ပါးစပ်ဟ"

အဖေဖြစ်သူကို မုန့်ခွံ့နေသော သားအားကြည့်ကာ ကြည်နူးနေသည်။

"ရေသွားဆော့မယ် ဟိုက်ယား း း း းး း "

ဘောကွင်း ကြီး စွပ်ကာ ရေထဲသို့ ‌ပြေးဆင်းသွားသည်။

သူမှလွဲ၍ _CompletedWhere stories live. Discover now