ဒီနေ့...ဒီနေ့တစ်ရက်‌လေးတော့...ကိုယ် ငိုပါရစေ။
_________________

နံနက် 6:30 ~

စီနီယာအကိုများရေ့ှ၌ ရပ်နေကြသည်မှာ အစီအရီ။

"ကဲ..ဂျုနီယာလေး‌တွေ ဒီနေ့အကိုတို့ မနက်ပိုင်းကို ပင်းတယအရင်သွားမယ် အဲ့က ပုန်းတလုတ်ကန်ရယ်‌ေရွှဥမင်ဂူရယ်ကို အကိုတို့
လိုက်ပို့ပေးမယ် ပြီးရင် ကလောကိုပြန်လာပြီး မြင်းမထိဂူနဲ့ နှီးဘုရားကိုဝင်မယ် နောက်မှ တောင်ကြီးကိုဆက်တက်မယ် နိဂုံးချုပ်အနေနဲ့အကိုပြောချင်တာက ပင်ပန်းမယ်ဆိုတာပါပဲ ဒါပေမယ့်လည်း ပင်ပန်းရသလောက် ညီလေးညီမလေးတို့ ဗဟုသုတရစေရမယ်လို့ အာမခံပါတယ်"

ကျွန်တော်နှင့် အိပ်ချင်မူးတူး ငတိမနှစ်ယောက် နားသာနားထောင်နေရတာ အိပ်ချင်စိတ်ဖြင့် လူကယိုင်တိုင်တိုင်။ စီနီယာအကိုတ့်ို စကားပြောအပြီး ပင်းတယသို့သွားရန် ကားပေါ်တက်ရသည်။ မနက်စောနေသေးသဖြင့် ရာသီဥတုမှာ ခပ်စိမ့်စိမ့် မို့ ရေ‌နွေးစိမ်ကာ အမြန်ပြင်ဆင်ခဲ့ရသည်။

ပြတင်းပေါက်ရိှသောခုံတွင်သာ ထိုင်တတ်သူ ။ မည်သူမှမဦးခင် ဒုတိယခုံ၌ အသင့်ဝင်ထိုင်လျက် ဒုတိယမြောက်ခရီးစဉ်ကို စီးမြောလိုက်ပါခဲ့သည်။ ပင်းတယမှာ ကလောနှင့် ဝေးသည်လည်းမဟုတ် နီးသည်လို့လည်း မဆိုနိုင် အတော်အတန်လေးတော့မောင်းရသည်။ လမ်း‌ဘေးတစ်လျေှာက်တွင် အနုစိတ်ပုံဖော်ထားသော လယ်ကွက်ကလေးများမှာ ပန်းချီကားတစ်ချပ်လိုပင်။

ပန်းများပွင့်ချိန် နိုဝင်ဘာကာလဖြစ်သည့်အလျောက် ပန်းခင်းများမှာ ကြည့်၍မကုန်နိုင်။ ပန်းနှမ်းပင်ဝါဝါသေးသေးကလေးများမှာလည်း ထွက်ကာစ ‌နေလုံးနှင့်အတူ တဖျက်ဖျက်လက်နေသည်။ အပြင်ဘက်လေထုပင် အေးသည်မဟုတ် ကားအတွင်းဘက် air conမှာပင် အေးစိမ့်နေသည်။ လျှောကျလာသော မျက်မှန်အား လက်ချောင်းသွယ်သွယ်ကလေးဖြင့် ပင့်တင်ရင်း နားထဲသို့ ဦးစိုင်းထီးဆိုင်ရဲ့ ရှမ်းရိုးမသီချင်းလေး လွင့်ပျံ့လာသည်။ ဤခရီးလေးနှင့် သီချင်းမှာလိုက်ဖက်လွန်းလှသည်။

ခရီးတစ်ဝက်အရောက် စောစောထရသောကြောင့် မျက်ခွံလေးများ တဖြည်းဖြည်းလေးလာ၍ မိှတ်သွားတော့သည်။

သူမှလွဲ၍ _CompletedWhere stories live. Discover now