"EPISODE 1"(UNICODE+ZAWGYI)

70.6K 2.5K 60
                                    

UNICODE

လက်မှတ်ထိုးပေးရမဲ့ BQ တွေ သေချာစစ်နေရင်း ဘဲလ်တီးသံ "တီ "ခနဲ ကြားလိုက်ရတာကြောင့် Mew ဝင်ခဲ့ဖို့ ပြောလိုက်တော့ အတွင်းရေးမှုး Bossser ဝင်လာတယ်။

'' အင်း.. ပြော Bosser ဘာအရေးကြီးတာ ရှိလဲ.. "

"ဟုတ်ကဲ့ ..ကျွန်တော် ဟိုတစ်ခါပြောထားတဲ့ ကိစ္စပါ.. ကျွန်တော့် သူငယ်ချင်းရဲ့ ညီလေးတွေ Boss ရဲ့ Company မှာ Intern ဆင်းဖို့ ပြောထားတာလေ.. အားလုံးပေါင်း ၄ယောက်ရောက်နေကြပါပြီ.. သူတို့က Company ရဲ့ Entrance မေးခွန်းတွေကို ရေးဖြေလဲ အောင်ထားကြပါတယ်.."

"အင်း.. မှတ်မိတယ်..သက်ဆိုင်ရာ Supervisor တွေနဲ့ အပ်ပေးပြီး နေရာချပေးလိုက်လေ.. ကိုယ် အခုတော့ မအားသေးဘူး.. အရေးကြီးတဲ့ ဖုန်းစောင့်နေတာမို့ နောက်မှ သက်သက် တွေ့ပြီးနှုတ်ဆက်လိုက်မယ်.. ကလေးတွေကို ကြိုးကြိုးစားစား သင်ယူကြဖို့ အားပေးစကားလေးပြောလိုက်ပါဦး.. ဒါနဲ့ အားလုံး Architecture Major တွေပဲလား.."

"မဟုတ်ဘူး Boss..Gulf Kanawut ဆိုတဲ့ ကောင်လေးတစ်ယောက်ကတော့ Boss နဲ့တူတယ်.. သူလည်း Civil ပဲ.."

"ကောင်းပါပြီ ဒါဆို နေရာလိုက်ပြပေးလိုက်တော့လေ..စောင့်နေရတာကြာနေရှာမှာပေါ့.."

"ဟုတ်ကဲ့.. ဒါဆို သွားခွင့်ပြုပါဦး.."

သူ ခေါင်းညိတ်ပြလိုက်တော့ Bosser ထွက်သွားတာ တစ်ချက် လှမ်းကြည့်လိုက်ရင်း..

ဟုတ်သားပဲ ဒီအချိန်လောက်ဆို Puifai လည်း အစည်းအဝေးပြီးလောက်ပြီပေါ့ ..

Mae ဆူနေမှာစိုးတာနဲ့ ထိုမိန်းကလေးဆီ Phone ဆက်ဖို့ပြင်ရတယ်။

Puifai လား...သူမက ငယ်ရွယ်ထက်မြက်တဲ့ မိန်းကလေးပါပဲ.. လှလည်းလှသလို ဉာဏ်ပညာလဲ ကြီးတာကြောင့် သူမအသိုင်းအဝိုင်းမှာတော့ နာမည် ဂုဏ်သတင်းကြီးသူ။ ဘဝတစ်လျှောက်လုံး အလုပ်တွေပဲ သိမ်းကြုံးလုပ်လာတဲ့ သူ့အတွက် အချစ်ဆိုတာ ဖြူသလား မဲသလားတောင် ဝေခွဲချိန်မရှိခဲ့သူမို့ Mae မိတ်ဆက်ပေးတော့ မငြင်းရက်ခဲ့။

ချစ်သူရည်းစား ဆက်ဆံရေးမျိုးလည်းမကျ၊ Bussiness Partnerလဲ မကခဲ့ပဲ.. Puifai ဟာ သူ့အပေါ် ဆက်ဆံပုံ အနည်းငယ် ရဲတင်းလွန်းတာကလွဲရင် စဉ်းစားကြည့်သင့်တဲ့ အမျိုးသမီးလေးပါပဲ။

"WHAT'S WRONG WITH INTERN GULF"(COMPLETED)Où les histoires vivent. Découvrez maintenant