"ဒီမှာ ဒီမှာ မင်း ငါ့ကို ခိုး ကြည့်နေ‌တာ ကြာနေပြီနော် မင်းရှမ်း‌ခေါက်ဆွဲကိုလည်း ပြန် ကြည့်အုံးပွနေ ပြီ"

"ဘယ်...ဘယ်သူက ခဗျားကိုကြည့်နေလို့လဲ"

မိုဝီခဗျာ မျက်လုံးပြူးမျက်စံပြူးဖြင့် သူခိုးကလူ ပြန်ဟစ်လိုက်သေးသည်။ထို့‌နောက် ရှမ်းခေါက်ဆွဲကို ဒေါသပုံချကာ ပယ်ပယ်နယ်နယ်ထိုင်နယ်ပြီး အလုတ်ကြီးတစ်လုတ် ပါးစပ်ထဲထိုးထည့်လိုက်သည်။

"I lay my love on you cuz all I wanna do everytime you ..."

တစ်ဖက်လူဆီမှ ထွက်လာသော Ringtone သံကြောင့် ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။‌

လူကသာ ဘုကလန့်နဲ့ ထားထားတဲ့သီချင်းက Westlife သီချင်း။အချစ်သီချင်းနဲ့ ပြောပုံဆိုပုံနဲ့ကတော့ လိုက်ဖက်နေရောပဲ။

"ဟယ်လိုခွန်‌း‌ပြော"

"ကိုနှိုင်းဘယ်ရောက်သွားတာလဲ ကျွန်တော်ရှာမတွေ့လို့"

"ငါ ရှမ်းခေါက်ဆွဲဆိုင်ထဲမှာ ဗိုက်ဆာလို့လာစား‌နေတာ မင်းကို‌ပြောခဲ့ဖို့မေ့သွားတယ်"

"ရတယ် ကျွန်တော်လာခေါ်မယ်"

"အေးအေး"

ဒီတစ်ခါတော့ ခိုးနားထောင်တာမဟုတ်ဘူး‌ေနာ် ဘေးချင်းကပ်ဆိုတော့ မကြားချင်လည်း ကြားနေရတာပဲဟာ မသိချင်ယောင်ဆောင်လို့မှမရတာ။

နာမည်က "ခွန်း" ဆိုပဲ သူ့ကောင်မလေးလားမသိဘူး။သူ့ပံုြကည့်ရတာ roတတ်မယ့် ပုံလဲမပေါ်ပါဘူး။

ဘေးမှထိုင်ကာ မျက်မေှာင်ကြုတ်လိုက်၊ တစ်လုတ်စားလိုက် ၊ ပြန်ကြည့်လိုက် ၊ စဉ်းစားလိုက်နှင့် တစ်ယောက်တည်းယောက်ယက်ခတ်နေသည်။

မိုဝီတစ်‌ယောက်စား‌သောက်လို့အပြီး ထိုဆိုင်ရေ့ှ၌ အနက်ရောင် vanကားတစ်စီးထိုးရပ်လာသည်။ ကားပေါ်မှ သန့်သန့်ပြန့်ပြန့်နှင့် မန်နေဂျာလိုလိုလူတစ်ယောက် ဆင်းလာကာ ဘေးကလူဆီသို့ ခပ်တန်းတန်းလျှောက်လာသည်။

"ကိုနှိုင်း.. ကျွန်တော်ရောက်ပါပြီ"

"ခွန်း ခဏလေး ကားထဲမှာပဲစောင့်နေ ငါငွေရှင်းလိုက်အုံးမယ်"

သူမှလွဲ၍ _CompletedWo Geschichten leben. Entdecke jetzt