Part 1 ( တွေ့ဆုံခြင်း)

24.8K 705 31
                                    

Unicode

"သမီးရေ ပြင်စရာရှိတာသေချာပြင်ထားနော်
မနက်ဖြန် မနက် စောစောသွားကြမယ်"

"ဟုတ်ကဲ့ မေမေ ပြင်ထားပြီးပြီ။ ပြီးတော့ ထက်ထက်ဆီကဖုန်းလာတယ်။ မနက်ဖြန်ကျောင်းမသွားသေးဘဲ စောင့်နေမယ်တဲ့"

"အော် အေးအေး။ သူရှိနေလို့ပေါ့သမီးရယ်။ မဟုတ်ရင် မေမေတို့ပြာနေအောင်လုပ်ရမှာ "

မေမေထည့်ခိုင်းသမျှ ထည့်ပြီးတော့ အိပ်ရာစောစောဝင်ဖို့ ပြင်လိုက်သည်။ မနက်ဖြန်ကျောင်းအတွက် လိုအပ်တာတွေကိုလည်း သေသေချာချာတော့ ပြင်ဆင်ထားပါရဲ့။
ဒါပေမဲ့ ဘာကို ကြောက်နေရတာလဲမသိ။
တစ္ခုခုကို စိုးရိမ်နေသလို ခံစားချက်ကြီးဖြစ်နေသည်။

မနက်ဖြန်ဆို တက္ကသိုလ်ကျောင်းသူဆိုတဲ့ နာမည်ကြီးကို တိတိပပ ခံယူရတော့မည်ကြောင့်လားလည်း မေရရာပါ။

ကျောင်းစဖွင့်တဲ့ရက်မဟုတ်ဘဲ
သူများထက်၂ရက် နောက်ကျပြီးမှ တက္ကသိုလ်ကျောင်းသူဖြစ်ရမှာဖြစ်သည်။
မိုးကုတ္ကေန ကျောင်းဖွင့်ရက်ထက်စောပြီး ထွက်လာခဲ့ပေမဲ့ ကံဆိုးချင်တော့ ကျောင်းမဖွင့်ခင် အဖျားကဝင်တာကြောင့် မန္တလေးက ဒေါ်လေးဖြစ်သူအိမ်မှာ နေပြီး ဆေးကုနေရခြင်းဖြစ်သည်။ အခု သက်သာချင်းပင် ကျောင်းစတက်ဖို့ ပြင်ဆင်ရတော့သည်။

တက်မယ့်ကျောင်းက နည်းပညာတက္ကသိုလ်
(ကျောက်ဆည် ) ဖြစ်သည်။ ဆယ်တန်းတုန်းက ယောင်လည်လည်လုပ်နေခဲ့တာတောင် ကံကောင်းထောက်မစွာ ဒီကျောင်းဝင်ခွင့်အမှတ်မှီခဲ့ခြင်းဖြစ်သည်။ လေးရာကျော်ကျော်အမှတ်က မေဂျာတော့ ကောင်းမည်မထင်ပါ။

မနက်ဖြန်ကို တွေးမိရင် စိတ်ထဲ အနည်းငယ်တော့ ကြောက်စိတ်ဝင်မိသည်။

ကျောင်းမှာ သူငယ်ချင်းအသစ်တေ ြရလာပါ့မလား။
သူငယ်ချင်းအဟောင်းတွေနဲ့ရော ပြန်တွေ့ရမလား။
ကျောင်းကြီးကရော ဘယ်လိုပါလိမ့်။
အထိုထိုသော အတွေးတွေနဲ့ ရှုပ်ထွေးနေပေမယ့်
လေးလံလာတဲ့ မျက်ခွံတွေကြောင့် အိပ်စက်ခြင်းသို့ ရောက်ခဲ့ပါသည်။

*****************

"သြားရလာရေတာ့မွာ။ ပစ္စည်းတွေရော စုံရဲ့လား သေချာ ပြန်စစ်ဦး။ တော်ကြာကျန်နေခဲ့မှဖြင့်။ ဟိုမွာက မေမေတို့လို လုပ်ပေးကိုင်ပေးမယ့်သူလည်း ရှိတာမဟုတ်ဘူး "

နင်စေရင် Where stories live. Discover now