အပိုင်း ၂၃

Start from the beginning
                                    

'ကို.. နွေးကို သနားဦး။ သမီးလေးကလည်း မေးလှပြီ။ ကို ပြန်မလာတာ ဘယ်နှစ်ရက်ရှိပြီလဲ။'

'မင်းကို ပြောဖူးတယ်မဟုတ်လား။ ကိုယ့်ဘ၀ကို မင်းပိုင်သလို သဘောထားလို့မရဘူး။'

အ‌ဖြေကိုမစောင့်။ ဖုန်းကို ပိတ်လိုက်သည်။ စိတ်မကြည်လင်ချိန်ဖြစ်သောကြောင့် ဟန်ဆောင်ဖို့ကို မေ့သွားသည်။ ကိစ္စမရှိ။ နွေး ဆိုသည့်အမျိုးသမီးသည် နေသား၏ လက်ခုပ်ထဲက ရေ။ သူ့လိုပင် အပြင်ပန်းအမြင်ကို အလေးထားသူ။ သူတို့နှစ်ယောက်ကြား မည်မျှကြီးမားသော ပြဿနာတွေ ကြုံနေပါစေ။ လူတွေရှေ့ အပြုံးမပျက် ဟန်ဆောင်နိုင်သူ။ ပျော်ရွှင်သော မိသားစုလို့ တခြားသူများမြင်ဖို့ကိုသာ အ‌ရေးကြီးသူ။ ထို့ကြောင့်လည်း နွေးကို နေသား ရွေးခဲ့ခြင်းဖြစ်သည်။

ဖုန်းကို စားပွဲပေါ် ပစ်တင်လိုက်သည်။ အနားမှာ ရှိနေသူ၏ အထင်သေးသလို အကြည့်များကို သတိထားမိသည်။ လောကအကြောင်း နားမလည်သေးသည့် ကောင်လေးကို ရယ်ချင်သည်။ ဘ၀ဆိုတာ သူများကို ချနင်းနိုင်မှ ကိုယ် လိုရာရောက်သည်ကို လက်မခံသေး။ လူတွေရဲ့ ထင်မြင်ချက်သည် အရေးကြီးသည်။ သို့သော် အပေါ်ယံအကောင်းမြင်လျှင် တော်ပြီ။ အထဲမှာ လှိုက်စားနေသည်ကို ဂရုစိုက်စရာ မလို။

'Please..အားမာန်။ ကိုယ့် ကို အိမ်ထောင်ရေး သင်ခန်းစာပေးဖို့ မကြိုးစားနဲ့။ ကိုယ် စိတ်မပါဘူး။'

'ကျွန်တော့်ကြောင့် သင်းမာ မျက်ရည်မကျစေရဘူး။'

မျက်နှာကြက်ကို ငေးကြည့်နေသူ။ အံကြိတ်ရင်း ဒေါသကို မြိုချသည်။

'မင်း မယူရသေးတဲ့ အဲ့ဒီ့မိန်းမ နာမည်ကို ခဏခဏ မပြောနဲ့။ ငါ မကြိုက်ဘူး။'

ကိုယ်တိုင် စီစဉ်ပေးသည့် ကိစ္စဖြစ်သော်လည်း ထိုမိန်းကလေးကို သူ မုန်းသည်။ ထိုမိန်းကလေးသည် ချစ်ရသူနှင့် အတူယှဉ်ပြီး မင်္ဂလာယူခွင့်ရှိသည်။ လူရှေ့တွင် အတူယှဉ်တွဲ သွားခွင့်ရှိသည်။ ယုယပိုင်ခွင့်ရှိသည်။

သူကတော့..

အားမာန်တောင်းထားသည့် ကတိကို တည်ဖို့ရန်အတွက် သူ့မှာ စိတ်ကူးမရှိ။ သို့သော် အချိန်ကာလတစ်ခုထိ စောင့်ရမည်။ သတိထားကိုင်တွယ်ရမည်ကိုတော့ နားလည်သည်။ ချစ်သူကို ဒုတိယအကြိမ် အဆုံးရှုံးမခံနိုင်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now