အပိုင်း ၂၁

6.2K 709 61
                                    

ကလေးကစားကွင်းတစ်ခုလုံး ဆူညံနေသည်။ လျှောမြင့်ကြီး၏ အောက်ခြေရှိ ရောင်စုံဘောလုံးငယ်များ ဖြည့်ထားသော ကန်ထဲတွင် ကလေးငယ်များနှင့် ပြည့်နေသည်။ လျှောထိပ်ရောက်အောင် လှေကားမှမတက်ဘဲ နောက်ပြန်တက်နေသူများရှိသည်။ အပေါ်မှ အောက်သို့ ဆင်းလာမည့်ကလေးများနှင့် ထိပ်တိုက်။ ရယ်သံ၊ အော်သံများနှင့်အတူ ငိုသံများပါ ဆူညံနေသည်။

ကလေးသီချင်းသံများကို ကျယ်လောင်စွာ ဖွင့်ထားသည်။  ကလေးမိဘများသည် အချင်းချင်း စကားပြောနေကြသည်။ ကလေးအတော်များများမှာ ကစားမက်နေသော်လည်း ထွတ်ငယ်လေးသည် မွေးနေ့ကိတ်မုန့်တင်ထားသော စားပွဲအနီးမှ မခွာ။ တ၀ဲလည်လည် ဖြစ်နေသည်။ မွေးနေ့ကိတ်မုန့်ကြီးသည် စားရက်စရာမရှိအောင် လှသည်။ အပြာရောင်သကြားပြားအုပ်ထားပြီး ကားပုံစံများကို ဘေးပတ်လည်မှာ ကပ်ထားသည်။ ကိတ်မုန့်ပေါ်တွင် ပန်းပွင့်များရှိပြီး အလယ်တွင် အနီရောင် ကားလေး။

သူရိန် အံ့သြရသည်။ မြို့ကလူတွေသည် ပိုက်ဆံဖြုန်းရန်၊ အချိန်ဖြုန်းရန် အင်မတန်၀ါသနာပါကြဟန်တူသည်။ ကလေးတစ်ယောက်၏ မွေးနေ့အတွက် ငွေကုန်ကြေးကျခံပြီး ကစားကွင်းငှားသည်။ အထူးအော်ဒါ ကိတ်မုန့်တွေ မှာသည်။ တစ်တန်းလုံးမှ ကလေးငယ်များကို ဖိတ်သည်။ စားကြ၊ ဆော့ကြနှင့် ပျော်စရာကောင်း မကောင်း မသိသော်လည်း ကုန်ကျစရိတ်ကို တွေးမိသည်နှင့် ရင်မောရသည်။ လုပ်စရာရှိသည့် အလုပ်များကို မေ့ထားပြီး မွေးနေ့ပွဲလိုက်ပို့ရတာကို မကြိုက်။ သို့သော် အများနှင့်တစ်ယောက်။ ထွတ်ငယ်လေးကို သူငယ်ချင်းများများကြား ခွဲထွက်မနေစေချင်။

သီချင်းသံများက ကျယ်လောင်လှသောကြောင့် ခေါင်းကိုက်လာကာ ကစားကွင်းပြင်ပသို့ ထွက်လာခဲ့သည်။ ကားပါကင်နေရာတွင် ကားများ ပြည့်နေသောကြောင့် ၀န်ထမ်းတစ်ဦးက အသစ်ရောက်လာသည့် ကားများအတွက် နေရာပြပေးနေသည်။ ကားတစ်စီးပေါ်မှ ဆင်းလာသော နွေးနှင့် စိမ်းလဲ့။ သင်းမာက ကားမောင်းသူနေရာတွင် ဖြစ်သည်။ သနပ်ခါးလေးနှင့် ယဥ်စွာ လှနေဆဲ။ သူရိန့်ကိုမြင်တော့ နွေး ပြုံးပြသည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now