အပိုင်း ၁၈

6.6K 734 49
                                    

တိတ်ဆိတ်နေသော ညတွင် နိုးနေသူသည် မိမိတစ်ယောက်တည်းသာ ရှိလိမ့်မည်လားမသိ။ အားမာန် အိမ်မပြန်လာသည်မှာ နှစ်ညရှိပြီ။ မည်သည့်အဆက်အသွယ်မှ မရ။ မနေ့က တစ်နေကုန် အလုပ်များလို့ပါဟု ဖြေတွေးလို့ရသော်လည်း ယနေ့တော့ စိတ်မပူဘဲမနေနိုင်။ ညအိပ်ညနေသွားစရာရှိမည်ဆိုလျှင်တောင် အသိပေးသွားသင့်သည် မဟုတ်ပါလား။ ဇေယျကို ဖုန်းဆက်မေးတော့လည်း ဒီကောင်က ဒီလိုပဲ ဟူသည့် အဖြေကိုသာ ရသည်။

သူတို့ အားမာန်အိမ်သို့ ရောက်လာခဲ့သည်မှာ ကြာခဲ့ပြီ။ ဆယ်တန်းအောင်စာရင်းတွင် သူ့ နာမည် ပါခဲ့သည်။ သိပ်မကြာခင်မှာပဲ သူရိန် စိတ်၀င်စားသည့် ကွန်ပျူတာတက္ကသိုလ်ကို တက်ခွင့်ရတော့မည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည် တွေးမိထားတာထက် အဆင်ပြေသည်။ အားမာန်သည် သူ့အပေါ် ကြင်နာဂရုစိုက်သလို ထွတ်ငယ်အပေါ်တွင် အစ်ကိုတစ်ယောက်လို၊ ဦးလေးတစ်ယောက်လို မေတ္တာထားနိုင်သူ။ အရာရာသည် အကောင်းချည်းပဲ ဖြစ်ခဲ့သောကြောင့် ဒုက္ခဆင်းရဲဆိုတာကိုပင် မေ့နေသလောက် ရှိခဲ့ပြီ။

အခုလိုညမျိုးရောက်မှ သူရိန် သတိရသည်။ မိမိသည် အားမာန်၏ချစ်သူဖြစ်သည်။ သို့သော် မည်သို့မှ သက်ဆိုင်သူ မဟုတ်သည့် သူစိမ်းတစ်ယောက် ဆိုလျှင်လည်း မမှားပါ။ အမျိုးသားနှစ်ယောက်၏ ချစ်ခြင်းတရားတွင် အဆုံးသတ်သည် ဘာများလဲ။ လက်ထပ်ထိမ်းမြားခြင်းဆိုတာ အလှမ်း‌ေ၀းလွန်းသည့် ပန်းတိုင်တစ်ခု။ သစ္စာတရားနှင့် စောင့်ထိန်းခြင်းသည် မည်ရွေ့မည်မျှ ကြာရှည်ခံနိုင်ပါသလဲ။

အရာရာတွင် ပြည့်စုံနေသော ချစ်ရသူသည်..

မိုးသံများကို ကြားနေရသည်။ ညအမှောင်တွင် တစ်ချက်တစ်ချက် ပြိုးပြိုးပြက်ပြက်လက်လာသော လျှပ်စီးများကို မြင်နေရသည်။ မီးမထွန်းထားသော ဧည့်ခန်းသည် မှောင်မည်းနေသည်။ စားပွဲတင်မီးအိမ်အသေးလေးကို ထွန်းကာ လက်မှနာရီကို ငုံ့ကြည့်တော့ ညတစ်နာရီကျော်နေပြီ။ ဘေးနားမှ လက်ကိုင်ဖုန်းကို ဘယ်နှစ်ကြိမ်မြောက်လဲမသိအောင် လှမ်းကြည့်ဖြစ်သည်။ တစ်ခါလောက်ပဲဖြစ်ဖြစ် ဖုန်းဆက်သင့်သည်။ မက်စေ့ချ်လေးတစ်ကြောင်းဖြစ်ဖြစ် ပို့သင့်သည်။ ဒီလောက်ကိုတော့ သူ မျှော်လင့်ခွင့်ရှိသည် မဟုတ်ဘူးလား။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now