ကျေးဇူးတင်စကား

6.3K 666 81
                                    

The End..

ဒီနေရာရောက်တိုင်း ခံစားချက်မျိုးစုံပဲ။

ပြီးခဲ့ပြီပေါ့။ ဆုံးခဲ့ပြန်ပြီပေါ့။ လုပ်ခဲ့နိုင်တယ်။ လွမ်းစရာကြီး။ တသသနဲ့ ကျန်ခဲ့တဲ့ ခံစားချက်တွေ။ တကယ်မျိုးစုံပါပဲ။ ဒါပေမဲ့ အဆုံးဆိုတာ အစရဲ့ လမ်းစ။ အဆုံးမရှိရင် နောက်ထပ် ပြန်စဖို့ ခက်တယ်။ ဒီတော့ အဆုံးတိုင်းဟာ လွမ်းစရာ၊ ကျေနပ်စရာဖြစ်သလို မမွန်အတွက် မျှော်လင့်ချက်တွေပါ။

နောက်ပြန်လှည့်ကြည့်လိုက်တိုင်း ကျေနပ်ရမယ့် မှတ်တိုင်လေးတွေပေါ့။ ဒီနေရာလေးရောက်အောင် အတူလိုက်ပါခဲ့သူတွေအားလုံးကို ရင်ထဲအသည်းထဲက ကျေးဇူးတင်ပါတယ်။ မမွန် စကားပြောရင် သတိထားပါတယ်။ မရိုင်းအောင်၊ တခြားသူ စိတ်အနှောင့်အယှက်မဖြစ်အောင် သတိထားပြီးမှ ပြောတတ်ပါတယ်။ ဒါပေမဲ့ မရိုးသားတာ ဘယ်တော့မှ မပြောပါဘူး။ ခံစားချက်မပါတဲ့ စာလုံးတွေဟာ အဓိပ္ပါယ်မရှိဘူး။ လေထဲမှာ ပျောက်သွားရုံပဲ။ ခံစားချက်နဲ့ပြောတဲ့ စကားမှန်ရင်တော့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်လုံးပဲ ဖြစ်ပါစေ။ အားလုံးရင်ထဲ ရောက်အောင် ပြောနိုင်မယ်။ ဒီလိုပဲ ယုံကြည်ပါတယ်။

အားလုံးကို ဒီနေရာက ကျေးဇူးတင်ပါတယ်။ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။

ရေးပြီးသားဇာတ်လမ်း၊ ဖတ်ပြီးကြတာများလို့ အများကြီးမမျှော်လင့်ထားပါဘူး။ ဒါပေမဲ့ view, vote, feedback တွေ မြင်တိုင်း သိပ်ပျော်ရပါတယ်။ ယူနီဖတ်ပြီး ဇော်ဂျီ chapter တွေပါ vote ပေးတာတွေ၊ ဇော်ဂျီဖတ်ပြီး ယူနီ chapter တွေပါ vote ထားခဲ့တာတွေ မြင်ရတော့ သိပ်ချစ်မိတာပဲ။ အားပေးမှုအားလုံးအတွက် ရင်ထဲအသည်းထဲက ကျေးဇူးပါနော်။

ပင်လယ်နဲ့လှေငယ်

သူ့ကို လူအတော်များများ မသိကြပါဘူး။ အကြင်နာမွန်လို့ လူသိကြတာ စည်းနဲ့ ကြယ်လေးကြောင့် များပါတယ်။ သို့သော်လည်း မမွန်အတွက်တော့ ဒီဇာတ်လမ်းလေးဟာ တန်ဖိုးရှိပါတယ်။

BL ဇာတ်လမ်းမျိုး စရေးဖြစ်ခဲ့တယ်။ သူ့ကြောင့် စည်းနဲ့ ကြယ်လေး ဖြစ်လာတယ်။ ဆက်စပ်မှု မရှိပါဘူး။ ဒါပေမဲ့ စာရေးသူတစ်ယောက်အနေနဲ့ အားမာန်နဲ့ သူရိန် ကော်ဖီဆိုင်မှာတွေ့ခန်းကို ရေးချိန်မှာ မင်္ဂလာဆောင်မှာ ဆုံကြတာမျိုး နင့်နင့်နဲနဲ ရေးချင်တယ်လို့ စိတ်ကူးရတယ်။ စည်းအတွက် အခြေခံအုတ်မြစ်လေးပေါ့။ နေသား ဇာတ်ကောင်ကို မုန်းအောင် ရေးနေချိန်မှာပဲ မုန်းလို့မရနိုင်လောက်တဲ့ ဗီလိန်မျိုး ရေးချင်လိုက်တာလို့ တွေးမိတယ်။ ထက်‌ေ၀ယံဇာတ်ကောင်ရဲ့ အစပါ။ ဒါတွေဟာ မမွန် တစ်ယောက်တည်းသိတဲ့ လျှို့၀ှက်ချက်လေးတွေပေါ့။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now