Part 14

13.6K 1.3K 1
                                    

ဘယ်လောက်ကြာအောင် အိပ်တစ်ဝက် နိုးတစ်ဝက်နှင့် အချိန်ကုန်သွားသည်မသိ။ နောက်ဆုံးတစ်ကြိမ်နိုးလာချိန်မှာတော့ အခန်းထဲမှာ သူ တစ်ယောက်တည်းရှိနေသည်။ လရောင်က ပြိုးပြက်စွာ ၀ါးထရံများကြားမှ တိုးဝင်နေသည်။ အိပ်ယာဘေးမှ ရေခွက်ကို တုန်ရင်သောလက်များနှင့် လှမ်းယူကာ တစ်စက်မှမကျန်အောင် မော့သောက်လိုက်သည်။

ကွဲအက်နေသော လည်ချောင်းများက နာနေသေးသော်လည်း ခံနိုင်ရည်ရှိလာပြီဖြစ်သည်။

အခန်းထဲပန်းကန်လုံးတစ်လုံးကို ကိုင်ကာ လှမ်းဝင်လာသော အားမာန်ကို သူရိန် မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်သည်။

'မင်း နိုးပြီလား..'

သူရိန်ခေါင်းကိုညိတ်ပြရုံမှလွဲ၍ ဘာမှမဖြေနိုင်။

အားမာန်သူ့ဘေးနား ထိုင်လိုက်ကာ ကုန်နေသောရေခွက်ထဲကို ရေအပြည့်ပြန်ဖြည့်ပေးလိုက်ကာ သူရိန့်ကို ကမ်းပေးလိုက်သည်။ သူရိန်ရေကိုတစ်ဝသောက်ပြီးမှ ရေတစ်စက်မှမကျန်တော့သော ခွက်ကိုစိုက်ကြည့်ရင်း မျက်ရည်များဝိုင်းလာသည်။

'မေမေ...'

အားမာန်သူ့ကိုခပ်တင်းတင်းဖက်လိုက်သည်။

သူရိန်ရုန်းနိုင်သည့်အင်အား မရှိ။ အားမာန်ပခုံးပေါ်ခေါင်းမှီတင်ကာ အသံမထွက်ဘဲသာ ရှိုက်လိုက်မိသည်။ မိခင်ဖြစ်သူ သူတို့ကို ထားခဲ့ပြီပေါ့။ ရောဂါခံစားရသည်မှာ ကြာမြင့်လှပြီဖြစ်တဲ့ မေမေ့အတွက် လွတ်မြောက်သွားပြီဖြစ်သော်လည်း သူ့အတွက်တော့ မြင့်မိုရ်တောင်ပြိုသွားသည်ပဲ ဖြစ်သည်။

'သူရိန်'

အားမာန်သူ့ခေါင်းကို ခပ်ဖွဖွသပ်ပြီး တိုးတိုးခေါ်လိုက်သည်။ စိတ်ပူရလွန်း၍ သူ့အသံများတုန်ခါနေသည်။ နောက်ထပ်ဘာဆက်ပြောရမှန်းလည်းမသိနိုင်လောက်အောင် ဆွံ့အနေသည်။ ဖြစ်နိုင်လျှင် သူရိန့် နာကျင်မှုတွေအားလုံးကို သူ့ရင်ဘတ်ထဲ ပြောင်းထည့်ထားလိုက်ချင်သည်။

'မေမေရှိသေးလား အားမာန်'

'မင်းသတိမေ့နေတာ သုံးရက်ကျော်သွားပြီ..'

ပင်လယ်နဲ့လှေငယ်Where stories live. Discover now