Part 34

12.6K 1.1K 20
                                    

ခြံဝင်းထဲမှ မောင်းထွက်သွားသော ကားဖြူ လေး မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်အထိ နေသား အိမ်တံခါးပေါက်မှ လှမ်းကြည့်နေလိုက်သည်။ စကားသံ၊ ရယ်သံများနှင့် ဆူညံနေသော အိမ်ကြီးမှာ ရုတ်တရက်ခြောက်သွေ့တိတ်ဆိတ်သွားသည်။

'ဒီအိမ်ကိစ္စက ဘာသဘောလဲ ဦးငယ်.. ကျွန်တော် ခင်ဗျားဝယ်ပေးတဲ့အိမ်မှာနေရလောက်အောင် မမွဲသေးဘူး..'

မာထန်သော အားမာန်စကားသံကြောင့် နေသား လှည့်ကြည့်လိုက်သည်။ တစ်ချက်ပြုံးလိုက်ပြီး အားမာန်ဘေး ဆိုဖာမှာ ၀င်ထိုင်လိုက်သည်။

'ခေါင်းမမာချင်စမ်းပါနဲ့ အားမာန်.. မင်းချမ်းသာမှန်း ငါသိတယ်.. မင်းကိုငါပြောပြီးပြီပဲ.. မင်း သင်းမာနဲ့လက်ထပ်ပြီး ငါ့နားလာခဲ့ရမယ်ဆိုတာ...'

'ခင်ဗျား မဆိုင်တဲ့သူတွေကို ဒုက္ခမပေးစမ်းပါနဲ့ဗျာ.. ခင်ဗျားလိုချင်တာ ကျွန်တော့်ကို မဟုတ်လား.. ခင်ဗျားနားက ကျွန်တော် ဘယ်မှမသွားဘူး..ကျွန်တော်တို့ မင်္ဂလာဆောင်ဖို့ကိစ္စကို ရှေ့မဆက်ပါရစေနဲ့.. သင်းမာကို ကျွန်တော် ဆက်မလိမ်ချင်ဘူး..'

'ဘယ်ဖြစ်မလဲ အားမာန်.. မင်းနဲ့ငါနဲ့ အမြဲတမ်း အတူတူနေနိုင်ဖို့က ငါတို့နှစ်ယောက်နားမှာ အမျိုးသမီး တစ်ယောက်ယောက်စီရှိနေမှဖြစ်မယ်ဆိုတာ မင်းကိုငါ ဘယ်နှစ်ခါ ရှင်းပြရမလဲ..'

အားမာန် နေသားကို စပ်ဆုပ်စွာ လှမ်းကြည့်လိုက်သည်။

'ကိုယ့်ဘ၀.. ကိုယ့်သဘာဝကို အမှန်အတိုင်း ၀န်ခံပြီး လူတွေအလယ်မှာ ခေါင်းမော့နေနိုင်ဖို့ ခင်ဗျားမှာ သတ္တိမရှိဘူးလို့ ရှင်းရှင်းပြောစမ်းပါ...'

အားမာန်စကားများက သွေးထွက်အောင် မှန်နေသည်မို့ နေသား ဆွံ့အသွားသည်။ အတိတ်မှ သူ့ မိဘနှစ်ပါးနှင့် အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်ခဲ့သော ကျော်စွာ့ကို ပြန်လည်မြင်ယောင်လာသည်။

ဟုတ်ပါသည်။

နေသား အားမာန်ကို ချစ်သည်ဆိုတာကို ပါတ်ဝန်းကျင်တွင် အမှန်အတိုင်းဝန်ခံဖို့ သတ္တိမရှိပါ။

'မင်း တော်တော် ပြောင်းလဲသွားတယ် အားမာန်.. ငါသိထားခဲ့တဲ့ ကောင်လေးက မင်းလို ခေါင်းမမာသလို စကားလဲ အဲလောက် မပြောတတ်ဘူး...'

ပင်လယ်နဲ့လှေငယ်Where stories live. Discover now