Part 32

12.6K 1K 5
                                    

အစိမ်းရောင် မြက်ခင်းများမှာ တောက်ပသော နေရောင်ခြည်အောက်မှာ စိမ်းစိုနေသည်။

ဝေဆာစွာဖူးပွင့်နေသော နှင်းဆီနီများနှင့် သစ်ခွပန်းဖြူ လေးများမှာလဲ ကတ္တီပါမြက်ခင်းစိမ်းစိမ်းအလှကို ပို၍ တင့်တယ်နေစေသည်။ မြက်ခင်းအလယ် အဖြူရောင် ထီးအရိပ်အောက်မှ ခန့်ညားသော ထမင်းစားပွဲတွင် အသီးမျိုးစုံ၊ အချိုမျိုးစုံနှင့် ပြည့်လျှံနေသည်။

နေသား ထမင်းဝိုင်းမှ စပျစ်သီးတစ်လုံးကို လှမ်းငုံလိုက်ပြီး သူ့ရှေ့မှာရှိနေသော အားမာန်နှင့်သင်းမာကို စိုက်ကြည့်လိုက်သည်။ သင်းမာ မျက်လုံးများမှ အပျော်ရိပ်များက ဖုံးမရနိုင်လောက်အောင် သိသာနေသည်။ သင်းမာဘေးမှ နွေးမှာမူ မသိမသာ သက်ပြင်းတစ်ချက်ချရင်း စိမ်းလဲ့အတွက် ပန်းသီးတစ်လုံးကို အခွံခွာပေးနေသည်။

တနင်္ဂနွေအလုပ်ပိတ်ရက် သူတို့ အားလုံး နေ့လည်စာ အတူစားဖြစ်ရအောင် နေသား စီစဉ်ဖြစ်ခဲ့သည်။ နေသာသော နေ့တစ်နေ့မို့ အိမ်တွင်း ထမင်းစားခန်းမှာ ထမင်းဝိုင်းမပြင်ဘဲ ခြံထဲမှ မြက်ခင်းစိမ်းစိမ်းပေါ်တွင် ပြင်ဆင်ပေးရန် နွေးကို သူ အထူးတလည် တောင်းဆိုခဲ့သည်။

သူ စီစဉ်ထားသည့်အတိုင်း သင်းမာနှင့် အားမာန်တို့လက်ထပ်ဖို့ကိစ္စက ထင်သည်ထက်ပို၍ပင် အဆင်ပြေချောမွေ့နေသည်မို့ နေသား ၀မ်းသာနေသည်။ နွေးက အစောပိုင်းက အပြင်းအထန် ကန့်ကွက်လာသော်လည်း နေသားကို မလွန်ဆန်နိုင်သည်ရော၊ ပြောမပြနိုင်လောက်အောင် ၀မ်းသာနေသည့် ညီမငယ်ဖြစ်သူကို သနားသည်နှင့်ပါ ဆေးခါးတစ်ခုကို မြိုချရသလို အားမာန်ကို အလိုက်သင့် လက်ခံလိုက်ရသည်။

'သင်းမာ'

'ဘာလဲ ကိုနေ'

'ဟိုးတစ်နေ့က ကိုယ်တို့ ဘေးအိမ်က အိမ်ပိုင်ရှင်နဲ့ စကားပြောဖြစ်ကြသေးတယ်.. သူတို့ အိမ်ရောင်းဖို့ စဉ်းစားနေတယ်လို့ ပြောတယ်...'

အားမာန် စားလက်စခက်ရင်း လေထဲတွင် တစ်ဝက်တစ်ပျက်ရပ်တန့်သွားသည်။ နေသား ဟန်ဆောင် အပြုံးတစ်ခုဖြင့် သင်းမာကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now