အပိုင်း ၂

14.3K 1.1K 14
                                    

တောက်ပသောနေရောင်အောက်တွင် အဆုံးမရှိသော ပင်လယ်ကြီးမှာ ပြာလဲ့နေသည်။ လေထန်သောနေ့တစ်နေ့ဖြစ်သောကြောင့် ပင်လယ်တစ်ခုလုံး ဖြူဖွေးသော လှိုင်းကြက်ခွပ်ကလေးများနှင့် ပြည့်နှက်နေသည်။ အုန်းပင်များမှ အုန်းရွက်များသည် ပင်လယ်လေကြောင့် ငြိမ်သက်ခြင်းမရှိ။ ရွာနှင့်‌ေ၀းသော နေရာသို့ သောင်ပြင်အတိုင်း သူရိန် ဆက်လျှောက်လာခဲ့သည်။

သဲဖြူမှုန်များ တဖြည်းဖြည်း လျော့နည်းလာသည်။ ကျောက်ဆောင်ကျောက်တန်းများနှင့် ပြည့်နေသော ကမ်းခြေစပ်ကိုရောက်လာသည်။ ဂူပေါက်ငယ်လေးလို ဖြစ်နေသော ကျောက်ဆောင်နှစ်ခုကြားကိုရွေးကာ သောင်ပြင်ပေါ်ထိုင်ဖြစ်သည်။ ဒီနေရာလေးသည် သူ့အတွက် လောကကြီးတစ်ခုလုံးမှ ပုန်းကွယ် ရှောင်ပုန်းစရာနေရာတစ်ခုပင်။

ပင်လယ်ပြင်ကို ငေးကြည့်နေသော သူရိန်၏မျက်လုံးများ မသိမသာ ပြောင်းလဲသွားသည်။ သူရှိနေရာနှင့် သိပ်မ‌ေ၀းသော သောင်ပြင်ထက်တွင် ရွက်လှေငယ်တစ်စင်း။ ရွာနှင့် မလှမ်းမကမ်းတွင် ကြီးကျယ်ခန်းနားသော အဆင့်မြင့်ဟိုတယ်ကြီးများရှိသည်။ လူချမ်းသာများ၊ နိုင်ငံခြားသားများ တည်းခိုတတ်ကြသည်။ ပင်လယ်ရေနက်ပိုင်းတွင် ရွက်လှေငယ်များကို မကြာခဏ မြင်ဖူးသော်လည်း ကမ်းစပ်အထိ မည်သူမှ မလာခဲ့။ မျက်မှောင်ကိုကြုတ်ရင်း ရွာဖက်ပြန်သွားရလျှင် ကောင်းမလား စဥ်းစားဖြစ်သည်။ ဒီကမ်းစပ်တွင် ရှိနေသည်မှာ မိမိတစ်ဦးတည်း မဟုတ်နိုင်။ ရွက်လှေငယ်၏ ပိုင်ရှင်သည် အနီးအနားတွင် ရှိနေလိမ့်မည်။ တစ်ယောက်တည်းသီးသန့်နေချင်နေသည့် သူ့အတွက်တော့ အဆင်ပြေမနေ။

သူရိန် တွေးမိတာ မမှားပါ။ ခြေသံကို မကြားရ။ ထိုးကျလာသောအရိပ်ကို အရင်ဆုံးမြင်ရသည်။ ကျောက်ဆောင်ကို လက်ကွေးကိုင်ရင်း သူ ရှိရာလှမ်းကြည့်နေသူတစ်ယောက်။

'မင်း ဘာလုပ်နေတာလဲ'

အသံသည် တိုးတိုးနှင့် လေးပင်ပင်နိုင်သည်။ ဆံပင်ရှည်ကို မြင်းမြီးပုံစံစည်းထားသည်။ မျက်နှာသွယ်သွယ်၊ နှာတံစင်းစင်း။ နှုတ်ခမ်းများက ပါးလှပ်ကာ ဖြောင့်တန်းသည်။ ထိုနှုတ်ခမ်းများမှ အပြုံးသည် ခနဲ့ပြုံးလို ဖြစ်နေကာ နှစ်လိုဖွယ်မရှိ။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now