Author's Note (Uni)

41.7K 1.1K 34
                                    

စာအုပ်အဖြစ်ထွက်ရှိပြီးဖြစ်တဲ့

* စည်း__✏️

* ကြယ်တွေကြွေသောည 🌠

* ကြယ်တွေကြွေသောည Sequel 🌌

* ထာ၀ရပုံပေ 🌋

*တောင်တောရယ်သာ 🏞

*ဆူး ❤️‍🩹

စာအုပ်တွေအားလုံးကို we distribution online bookshop မှာ မှာယူနိုင်ပါတယ်။
ကျေးဇူးပါ ❤️💛💙

we distribution Facebook Page

📞09250091913
📞09972293371
⌚9:00 Am to 5:00 PM

💕💕💕💕💕💕💕💕💕💕💕💕

မင်္ဂလာပါ..

ပင်လယ်နဲ့လှေငယ်၀တ္ထုလေးက မမွန်အတွက် အမှတ်တရ အရှိဆုံးဖြစ်သလို အားမရဆုံးလည်း ဖြစ်နေတယ်။

အမှတ်တရဆိုတာက ပထမဆုံးရေးခဲ့တဲ့ BL ၀တ္ထုလေးဖြစ်တဲ့အပြင် လွန်ခဲ့တဲ့ ဆယ်နှစ် ၂၀၁၀ လောက်က ဒီ ၀တ္ထု စ ရေးချိန်မှာ ယောက်ျားလေးနှစ်ယောက်ကြားက အချစ်ကို ရေးဖွဲ့တာမျိုး ဖြစ်နေတဲ့အတွက် ရင်တွေတုန်ပြီး ကြောက်နေခဲ့တာ။ Manga တွေနဲ့ ရင်းနှီးနေပေမယ့် ၀တ္ထုလိုမျိုး ရှိတယ်လို့ မသိထားခဲ့ဘူး။ တခြားဘယ်သူမှ ရေးတာမျိုးလည်း မဖတ်ဖြစ်ခဲ့သေးဘူး။ ကြောက်ကြောက်နဲ့ ရေးဖြစ်ခဲ့တယ်။ ‌ေ၀ဖန်ခံရမှာ၊ အပြောခံရမှာကို သေမလောက် စိတ်ပူနေခဲ့တာ။ (ကိုယ်တောင် ၀တ္ထုလေးတစ်ပုဒ်ရေးဖို့ ဒီလောက်စိတ်ပူခဲ့တာ LGBT တွေအနေနဲ့ သူတို့ဘ၀၊ သူတို့ခံယူချက်တွေအတွက် ဘယ်လောက်တောင် ခက်ခဲလိုက်မလဲနော့်)

အခုတော့ အခြေအနေတွေက ပြောင်းခဲ့ပါပြီ။ လက်ခံသူတွေ၊ အားပေးသူတွေ၊ ကိုယ်ချင်းစာတတ်သူတွေနဲ့ လောကကြီးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကထက်စာရင် ပိုပြီး လှလာခဲ့ပြီ မဟုတ်ဘူးလား။ ဒါကတော့ အမှတ်တရပေါ့။

အားမရဘူးဆိုတာက အရေးအသားပိုင်းကို အား မရတာ။ ဇာတ်ကောင်စရိုက်၊ ဇာတ်လမ်းအချိတ်အဆက်၊ တင်ပြမှုအပိုင်းတွေမှာပါ လိုအပ်ချက်တွေ အများကြီးပဲ။ ဒီဇာတ်လမ်းကို ၂၀၁၀ က ရေးခဲ့တယ်ဆိုပေမယ့် ပတ်၀န်းကျင်အနေအထားက မမွန် မှတ်မိနေတဲ့ ၂၀၀၀ ခုနှစ် ၀န်းကျင်။ အလည်ပြန်လာချိန်တွေပါ ထည့်တွက်ရင် ၂၀၀၅ ခုနှစ်လောက်ထိပေါ့နော်။ ဒါတွေကို ပြန်ပြောင်းအောက်မေ့ပြီး ရေးခဲ့တဲ့အခါမှာ လိုအပ်ချက်တွေ အများကြီး ရှိနေတယ်။ အားမရစရာတွေ တော်တော်များတယ်။ ရန်ကုန်အနေအထား၊ ပင်လယ်ကမ်းခြေ ပတ်၀န်းကျင် ပြောင်းလဲသွားတာတွေ အများကြီးမှ အများကြီးပဲ။

ပြန်ပြင်ရေးမယ်လို့ စိတ်ထဲမှာ တေးထားခဲ့ပေမယ့် အခုထိ အကောင်အထည် မဖော်ဖြစ်သေးဘူး။ အခု ယူနီကုတ်နဲ့ ပြန်ပြောင်းတဲ့နေရာမှာ တခြား၀တ္ထုတွေလို Copy, Paste ရုံနဲ့ မပြီးဘဲ သေချာပြန်ပြင်ချင်တယ်။ စိတ်တိုင်းကျတဲ့အထိတော့ ပြင်ဖို့ မလွယ်ဘူးရယ်။ နောက်ခံပတ်၀န်းကျင်ကို ကိုယ်တိုင်ရှိမနေဘဲ အ‌ေ၀းကနေ ရေးရမယ့်ဇာတ်လမ်းဟာ မှုန်၀ါး၀ါးဖြစ်နေမလားလို့ပဲ စိုးရိမ်မိတယ်။ ဇော်ဂျီနဲ့ တင်ထားတာတွေကိုတော့ မပြောင်းတော့ပါဘူး။ ပြင်လည်းမပြင်တော့ဘူး။ ဒါပေမဲ့ အခုတင်မယ့် ဇာတ်လမ်းနဲ့တော့ ထပ်တူနိုင်မှာ မဟုတ်ဘူးထင်တယ်။

ပြင်ရင်းနဲ့ ရေးပြီးသလောက် တင်သွားပါ့မယ်။ လိုအပ်တာရှိရင်လည်း ထောက်ပြပေးပါလို့။ အားလုံးကို ကျေးဇူးတင်ပါတယ်။

အကြင်နာမွန်

၀၁.၀၂.၂၀၂၀

ပင်လယ်နဲ့လှေငယ်Where stories live. Discover now