အပိုင်း ၈

7.8K 871 13
                                    

ငါ မှားသွားလား မသိဘူး ဆိုသည့်အတွေးသည့်‌ ပြောလိုက်မိသည့်စကားဆုံးသည်နှင့် ခေါင်းထဲ၀င်လာသည်။ တုန့်ပြန်စကားမဆိုဘဲ ရှောင်ထွက်သွားသူကို မြင်ရတော့ ပိုဆိုးသည်။ ယခုအချိန်အထိ အားမာန် သူ့ကို ရိသဲ့သဲ့ပင် မလုပ်ဖူးပါ။ စနောက်တာမျိုး ရှိသော်လည်း အမြဲလေးစားမှုရှိခဲ့သည်။ စိုးရိမ်စိတ်ဖြစ် ပြောသည့်စကားတစ်ခွန်းအပေါ် သူ့ရဲ့ တုန့်ပြန်မှုက ရန်လိုနေသည့်အပြင် စော်ကားသလို ဖြစ်သွားသည်။

လုံခြုံရေး၀န်ထမ်းများအတွက် ကင်းတဲလိုမျိုး အဆောက်အဦးလေး ရှိသည်။ လေလုံ၊ မိုးလုံသည့်အပြင် စားပွဲပုလေးနှင့် မီးသီးပါ တပ်ထားပေးသောကြောင့် စာကျက်ခွင့်ရှိသည့်နေရာ။ ထိုင်နေပေမယ့် စိတ်ကို စာထဲနှစ်လို့မရ။ လှမ်းမြင်နေရသော ဘန်ဂလိုကိုသာ အကြည့်က ရောက်သည်။

အားမာန် မအိပ်သေး။ အခန်းရှေ့၀ရန်တာတွင် ထိုင်နေဆဲဖြစ်သည်။ စီးကရက်ငွေ့များ မပြတ်သလို လက်ထဲမှ ဘီယာပုလင်းကိုလည်း မချ။ မည်မျှ ကြာပြီလဲ။ ဘယ်လောက် မူးအောင် သောက်နေတာလဲ။ ကြိုးတစ်ချောင်းကို ဆောင့်ဆွဲထားသလို စိတ်ထဲမှာ တင်းတင်းကြီးဖြစ်နေသည်။ ခေါင်းကိုနာနာကုတ်ပြီး စာအုပ်ရှိရာ အကြည့်ပြောင်းသော်လည်း စာလုံးများသည် အဓိပ္ပါယ်မရှိ။ တစ်ခါဖတ်ပြီး နားမလည်။ လုံး၀အာရုံစိုက်၍ မရသောကြောင့် ဘာတွေ ဖတ်လိုက်သည်ကို မသိ။ သူရိန် သက်ပြင်းချပြီး စိတ်ကိုလျှော့လိုက်သည်။ ထိုင်နေရာမှ ထ ကာ မိမိမသွားချင်သော နေရာသို့ ထွက်လာခဲ့သည်။

၀ရန်တာရှိ ဆက်တီထိုင်ခုံတွင် ခေါင်းငိုက်စိုက်ချနေသူသည် အမူးလွန်ကာ အိပ်ပျော်နေပြီဖြစ်သည်။ ဘီယာပုလင်းများ၊ စီးကရက်တိုများသည် မြင်မကောင်းအောင် ရှုပ်ပွနေသည်။ အားကစားဖိနပ်တစ်ဖက်ကျွတ်ကာ တစ်ဖက်ကို စီးထားသေးသည်ကို မြင်ရတော့ စိတ်ညစ်သည့်ကြားမှ ပြုံးချင်သည်။

'အားမာန်'

'.......'

'အားမာန်'

ပခုံးကို ကိုင်လှုပ်နှိုးတော့ ငိုက်စိုက်ကျနေသောခေါင်းသည် တစ်ခါတည်းမှောက်သွားတာသာ အဖတ်တင်သည်။ စားပွဲပေါ်မှ ဘီယာပုလင်းလွတ်တွေကို တိုက်မိကာ ၀ရုန်းသုန်းကား ဖြစ်ကုန်သည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now