Part 5

16.5K 1.4K 11
                                    

ကမ်းခြေကိုရောက်သည်နှင့် ဒူးလောက်နက်သောရေထဲကို လှေပေါ်မှ အားမာန်ခုန်ဆင်းလိုက်သည်။

ဟိုတယ်ဝန်ထမ်းကောင်လေးတစ်ယောက်က သူစီးလာခဲ့သည့် ရွက်လှေကို သောင်ပြင်ပေါ်သို့ ဆွဲတင်သွားသည်။ နီရဲနေသော ကောင်းကင်ပြင်အောက်တွင် တိုက်ခတ်လာသော ပင်လယ်လေက စိုထိုင်းနေသလို။

ဆည်းဆာချိန် ပင်လယ်ကမ်းခြေသည် လွမ်းစရာကောင်းလှသည်။ နီရဲနေသော ဂဏန်းကောင်ငယ်လေးများကလည်း ရေတက်လာတိုင်း တစ်ကျင်းမှတစ်ကျင်းသို့ အပြေးအလွှား ထွက်လိုက်ဝင်လိုက် အလုပ်ရှုပ်နေကြသည်။

'ဟေ့ကောင် အားမာန်... မင်းဘယ်တွေလျှောက်သွားနေတာလဲ'

အပြေးတစ်ပိုင်းနှင့် ရောက်လာသော သူငယ်ချင်းဇေယျ။

တစ်ခါတစ်ရံ အဖွားကြီးပေါက်စတစ်ယောက်လို ဆူဆူပူပူ လုပ်တတ်သော သူ့သူငယ်ချင်းကို သူသိပ်စိတ်မရှည်ချင်။ လေးထောင့်မျက်မှန်ကို ပင့်တင်ကာ အပူသည်ပုံစံနှင့် ပြောလာသော ဇေယျကို ကြည့်ရင်း စိတ်ညစ်သည့်ကြားမှပင် အားမာန် ပြုံးမိသည်။

'မနက်ကတည်းက မင်းပျောက်သွားလို့ ငါ့မှာရှာလိုက်ရတာ ဒေါင်းတောက်နေတာပဲကွာ.. သွားမယ်ဆိုရင်လဲ ဘယ်သွားမယ်ဆိုတာလောက်တော့ ပြောသွားဦးမှပေါ့ကွာ'

'ဘာဆိုင်လဲကွ မင်းကငါ့အမေလား'

'မဟုတ်လို့ပေါ့ကွာ ဟုတ်များဟုတ်ရင် မင်းကို နာနာရိုက်ပြီးပြီ'

'ဇေယျ တခြားလုပ်စရာမရှိဘူးလား ငါနဲ့ ဝေးဝေးမှာ လုပ်ရမယ့် အလုပ်မျိုးလေ'

'အေးပါကွာ.. မင်းလိုကောင်နဲ့သူငယ်ချင်းဖြစ်ရတာကိုက ငါဝဋ်ကြွေးပါလို့ဖြစ်ရမယ်'

ဇေယျအပြောကြောင့် သူခြေထောက်နှင့်လှမ်းခတ်လိုက်သည်။

တကယ်တမ်းကျတော့ အားမာန်ဆိုသည့် သူ့ဒါဏ်ခံကာ အနစ်နာခံပေါင်းသင်းတတ်သည့် သူငယ်ချင်းဆို၍ သူ့တွင်ဇေယျတစ်ယောက်သာရှိသည်။

'သူငယ်ချင်းမဟုတ်လဲ ငါ့နားမှာနေလို့ရတဲ့နည်းတွေ အများကြီးရှိပါတယ်.. ငါရှင်းပြရမလား..'

ပင်လယ်နဲ့လှေငယ်Where stories live. Discover now