အပိုင်း ၁၄

Comenzar desde el principio
                                    

ယနေ့ သူငယ်ချင်းတစ်ယောက်က သူ့အိမ်ကို လိုက်ခဲ့ဖို့ခေါ်သည်။ မျက်မှန်၀ိုင်း၀ိုင်းလေးနှင့် အပြုံးချိုသော ထိုကောင်လေးကို သူ ခင်မင်ချင်သည်။ ထို့ကြောင့် ခွင့်ပြုချက်တောင်းခဲ့သည်။ မသွားရဘူး ဆိုသည့် စကားကို နားထောင်ကာ အိမ်ထဲမှအိမ်ပြင်မထွက်ခဲ့။ သူ ထင်ထားသည်က စကားနားထောင်လျှင် ထိုသူ ဒေါသမကြီးနိုင်တော့ ဟူ၍သာ။ သို့ပေမယ့်..

'ကျွန်တော် ဘာလုပ်မိလဲ ဦးငယ်။'

'ထပ်မမေးနဲ့။'

စကားသံသည် ဓါးထက်ထက်လိုပင်။ နှုတ်ခမ်းများကို ဖိကိုက်ရင်း အသံထပ်မထွက်ရဲတော့။ မိုးရေစက်များကို ငေးကြည့်ရင်း ရင်ထဲမှာ ကြောက်ရွံ့အားငယ်မိသည်။ မိုးသည်းလွန်းနေသော်လည်း ထိုသူသည် ဂီယာပြောင်းထိုးပြီး အရှိန်မြှင့်သည်။ ပိုမြန်လာသော ကား၏ အပြေးနှုန်းသည် မြေအောက်ငရဲရှိရာ ဦးတည်နေသလိုပင်။

အရှိန်ပြင်းစွာ ထိုးရပ်လိုက်သော ကားပေါ်မှ ဆွဲချသည်ကို ခံလိုက်ရသည်။ အင်အားထည့်ပြီး ဖမ်းချုပ်ထားသည့် လက်မောင်းနေရာသည် စူးအောင့်နေအောင် နာသည်။ မှောင်မည်းနေသော အိမ်ကြီးသည် မိုးရေအောက်မှာ ခြောက်ခြားဖွယ်ကောင်းသည်။ သံချေးတက်နေသော တံခါးပတ္တာများသည် အသည်းထိတ်စရာ အသံများကို မြည်ဟည်းစေသည်။ စိုထိုင်းထိုင်း ဧည့်ခန်းမကြီးကို အမှောင်ထဲမှာ မမြင်ရ။

အားမာန် ခြေတစ်လှမ်းနောက်ဆုတ်သည်။ ရုန်းလို့မရမည်ကို သိသော်လည်း လွတ်မြောက်ချင်သည်။ အကြိမ်ပေါင်းများစွာ ပိတ်လှောင်ခံရသော မြေအောက်ခန်းထဲသို့ သူ့ကို ပိတ်သွင်းလိုက်မည်ဟု ထင်ထားခဲ့သည်။ သို့သော် သူ မထင်ထားခဲ့သည်က..

'မင်းနဲ့ အဲ့ဒီ့ကောင်နဲ့က ဘာလဲ။'

မေးခွန်းကို နားမလည်သည့် သူ့တွင် အဖြေမရှိ။ လက်မောင်းတွေ ထုံနေပြီဖြစ်သည်။ လျှပ်စီးရောင်အောက်တွင် မာထန်နေသော မျက်နှာကို မြင်လိုက်ရသည်။

'မင်း အဲ့ကောင်ကို သဘောကျနေတယ်။'

'ဟင့်အင်း.. မဟုတ်ဘူး။ ဦးငယ်.. မဟုတ်ဘူး။'

ပင်လယ်နဲ့လှေငယ်Donde viven las historias. Descúbrelo ahora