" မောနင်း daddy "

" မောနင်း ကလေး ... နိုးပြီလား "

" အခုပဲ နိုးတာ daddy .... ကျွန်တော် daddy အကြောင်းတွေးနေတာ "

" ဟာ .. ကိုယ့်ကို မနက်စောစော ရင်ခုန်အောင်လုပ်နေတာပဲ ကလေးက ... လုပ်ပါဦး ။ ကိုယ့်အကြောင်းဘာတွေ တွေးနေတာလဲ ။ သိချင်လိုက်တာ "

Daddy က တခါတလေ ကလေးလိုပဲ ။ စကားပြောပုံက အသည်းယားဖို့ကောင်းတယ် ။ တခါတခါ ဒီလိုအကြောင်းအရာမျိုးတွေ ကြောင့်ရော .. ။

" အင်း .. daddy က ဘယ်လောက်ချောတာတို့ ခန့်တာတို့ ပေါ့ "

" ဟမ်းး ... အာ့တာတွေက ကိုယ်သိပြီးသားတွေလေ ။ တခြား .. တခြားရော ဘာရှိသေးလဲ "

တခါတလေ daddy ကို ကလိကလိ လုပ်ရတာလဲ ပျော်ဖို့ကောင်းသည် ။

" အင်း . . တခြားက ကျွန်တော် daddy အကြောင်းတွေ ဘာမှမသိဘူး ။ daddy အသက်ဘယ်လောက်ရှိပြီလဲ ဆိုတာကအစ ကျွန်တော်မမေးမိဘူး .. အဲ့တာတွေ သိချင်လိုက်တာလို့ တွေးနေတာ .. ဒါပေမဲ့ daddy မသိစေချင်ရင် ကျွန်တော်မမေးဘူးနော် .. ဒီအတိုင်းပြောပြတာ "

" ကိုယ်တို့တွေ့ပီးတည်းက စကားသေချာမပြောရသေးလို့လေ .. ကိုယ် ကလေးကို အားလုံးပြောပြမှာပါ ။ အခုထပြီး ရေချိုးအသင့်ပြင်ထားတော့ ကိုယ်နဲ့ date လုပ်ရအောင် "

" ဟင် daddy .. company မသွားဘူးလား "

" ကလေးလောက် ဘယ်ဟာမှ အရေးမကြီးဘူး "

" အော ဟော .. ဒီလို CEO ကို ဘယ်သူကအလုပ်ခန့်ထားတာပါလိမ့် "

" ကိုယ့်ဖေဖေ .. ကလေး ယောက္ခထီးကြီးပေါ့ "

" အမယ် လူကိုပိုင်စိုးပိုင်နင်းနဲ့ ! ဘယ်သူက Daddy ကို ယူမယ်ပြောလို့လဲ "

" ကလေးမယူချင်လဲ ကိုယ်ကယူမှာပဲ ! ထတော့ ထတော့ စကားကလဲများလိုက်တာ ။ အသင့်ပြင်ထားတော့နော် ! နောက် မိနစ် ၃၀ အချိန်ပေးမယ် ။ ကိုယ်ရောက်လာလို့ ကလေး မပြီးသေးလို့ကတော့ ... အဟင်းး ... သိတယ်နော် အပြစ်ဒဏ်လေး "

" ကျွန်တော့ကို အသားမယူရရင် daddy စားမဝင်အိပ်မပျော်ဘူးလား "

" ဒါပေါ့ ! ကိုယ့်ကို စားဝင် အိပ်ပျော်စေချင်ရင် တစ်လကိုလျှော့ပေးလေ "

Sugar Daddy Opowieści tętniące życiem. Odkryj je teraz