Part-8

6.2K 435 6
                                    


"ရွီ......ရွီ..."

ကျွန်​​တော်​ပါးပြင်​​ပေါ်ကမျက်​ရည်​တို့သည်​ ကျွန်​​တော်​​ခေါင်း​ပေါ်က​နေ အဆက်​မပြတ်​ကျ​နေသည်​ ​ရေများနဲ့တူတူစီးဆင်း​နေတာ​တောင်​ ရပ်​တန့်​သွားခြင်းမရှိပါ။ ကျွန်​​တော်​အိမ်​ပြန်​လာတည်းက ​ရေချိုးခန်းထဲဝင်​ပြီး ​ရေပန်းအောက်​တွင်​ထိုင်​​နေသည်​မှာ အ​တော်​ကြာ​နေ​သော်​လည်း ကျွန်​​တော်​ဒီတိုင်းသာဆက်​ထိုင်​​နေမိသည်​။

ခုချိန်မှာ​ကျွန်​​တော်​ကိုယ်​ ကျွန်​​တော်​အရမ်းမုန်းမိပါသည်​။ ဈာန်​ကိုမ​ပြောဖြစ်​ခဲ့သည့်​ စကားများအတွက်​ ကျွန်​​တော်​​နောင်​တကြီးစွာရမိပါသည်​။ ကျွန်​​တော်​မျက်​ရည်​​တွေကိုလည်းလွတ်​လပ်​စွာရွာသွန်းခွင့်​​ပေးထားပါသည်​။

✂✂✂✂✂✂✂✂✂

"​ဒေါက်​ ​ဒေါက်​ သား သား ဘာလုပ်​​နေတာလဲ"

ဒေါ်မြသားတံခါး​ခေါက်​​နေ​သော်​လည်း ​ရောင်​နီတစ်​​ယောက်​ပြန်​မထူးပါ။ ​​ရောင်​နီတစ်​​ယောက်​ ​ကျောင်းကပြန်​လာတာနဲ့ အ​ပေါ်ကိုတက်​သွားသည်​မှာ ၁နာရီ​လောက်​ရှိ​ပေသည်​။စာကျက်​ရ​အောင်​လည်း ဒီ​နေ့မှစာ​မေးပွဲ​ဖြေပြီးသည်​။ ​ဒေါ်မြသားက အံသြရသည့်​က ​ရောင်​နီက ​တော်​ရုံဆိုတံခါးကို​လော့မချသူဖြစ်​ပြီးခု​တော့ထူးဆန်းစွာတံခါး​လောချထား​လေသည်​။

"သား ​မေ​မေကိုပြန်​ထူးပါအုန်းသားရယ်​ ​မေ​မေစိတ်​ပူလာပြီ​နော်​ သား ​ရောင်​နီ သား ​ဒေါက်​ ​ဒေါက်​ "

ဒေါ်မြသား​ခေါ်​နေ​သော်​လည်း ​ရောင်​နီအခန်းက ပြန်​ထူးသံတစ်​စိုးတစ်​စိမှမကြားရသည့်​မို့ ​ဒေါမြသားပို၍စိုးရိမ်​မိပါသည်​။ ​ဒေါ်မြသားမတက်​နိုင်​တဲ့အဆုံး ​​အောက်​ထပ်​မှာ သတင်းစာဖတ်​​နေတဲ့ ​ရောင်​နီ​ဖေ​ဖေ ဦးလွင့်​မြင်ကိုသွား​ခေါ်ပါ​တော့သည်​။

"အကို အကို "

ဦးလွင့်​မြင်​ သတင်းစာဖတ်​​နေတုန်း အ​ပေါ်ထပ်​က​နေ ​ဒေါ်မြသား​ရေကြီးသုပ်​ပြာ​ခေါ်သည့်​မို့ ဦးလွင်​မြစ်​ဖတ်​လက်​စသတင်းစာကိုခုံ​ပေါ်တွင်​တင်​ပြီး ​ဒေါ်မြသားနားသို့သွား​လေသည်​။

Pure love On viuen les histories. Descobreix ara