Part-19

6K 392 6
                                    


မြို့ပြနှင့်​မတူစွာ တိုက်​ခိုက်​​နေ​သော​လေများက သန့်​ရှင်းလတ်​ဆက်​စွာ။မနက်​ဘက်​​နေ​ရောင်​ခြည်​​နွေး​နွေးက လူကိုပိုပြီး​ပေါ့ပါးလန်းဆန်း​စေပါသည်​။ကောက်​ညုင်း​ပေါင်း နှင့်​ ပဲပြုတ်​ကို မနက်​ဘက်​စားရသည့်​မှာ အလွန်​ပင်​အရသာ​တွေ့ပါသည်​။စားစရာအသီးအပင်​များကို မိမိခြံတွင်​ကိုယ်​တိုင်​စိုက်ထားကြသည်​။ခြံထဲတွင်​ မများလှသည့်​ ဝါးပင်​များတည်​ရှိကာ ​လေတစ်​ခါ​ဝေ့လိုက်​တိုင်း ဝါးပင်​၏အရွက်​များဘယ်​ညာယိမ်းပြီး ထွက်​​ပေါ်​လာ​သောအသံသည်​ နား​ထောင်​လို့အလွန်​ပင်​​ကောင်းလှပါသည်​။

လေတစ်​ချက်​​ဝှေ့လိုက်​တိုင်း ခြံထဲတွင်​တွင်​ရှိ​သော ကုက္ကိုပင်​ကြီး၏ သစ်​ရွက်​ဝါများ ကျဆင်းလာသည့်​ မြင်​ကွင်းက အခြားမြင်​ကွင်းမတူစွာ လှပ​နေပါသည်​။ ​နေခင်း​ရောက်​သည့်​အချိန်​များတွင်​ လယ်​ယာသွားလုပ်​သည့်​ ​ယောကျာ်းသားများအတွက်​ မိန်းမများသည်​ စားချင်​စဖွယ်​ဟင်းများချက်​ကာ လယ်​​တောထဲသို့ သွားပို့ကြ​လေသည်​။လေတစ်​ချက်​​ဝှေ့လိုက်​တိုင်းတွင်​ ​တောစပါယ်​ရနံ​လေးများကလည်း ထူးခြားစွာအနံရ​လေသည်​။

လင်းသစ်​​ပြောပြ၍ သူ၏ဦး​လေးနာမည်​မှာ ဦးကြည်​သိန်းဖြစ်​ပြီး အ​ဒေါ်နာမည်​က​ပြောင်းလဲမှုမရှိစွာ ​ဒေါ်ဘူးညွန့်​ဖြစ်​သည်​။ဒေါ်ဘူးညွန်​နှင့်​ညားပြီး ရွာသားများက​နောက်​​ပြောင်​ကာ ဦးဘူးသီးလို့​ခေါ်ခြင်း​ကြောင့်​ ဦးကြည်​သိန်းအမည်​​ပျောက်​ကာ ဦးဘူးသီးသာ တွင်​ကျန်​​နေ​ကြောင်း အကုန်​လုံးကို​ပြောပြ​လေသည်​။ မနက်​ပိုင်းတွင်​ လင်းသစ်​က လူကြီးမိဘများအတွက်​ဝယ်​လာ​သော လက်​​ဆောင်​များကို​ပေးခြင်း​ကြောင့်​ ​ည​နေ​လောက်​မှ လင်းသစ်​က ကျွန်​​တော်​တို့ကို ရွာထဲကိုလိုက်​လံပြသ​လေသည်​။

မနက်​က သစ်​က သူအိတ်​ထဲတွင်​ ကျွန်​​တော်​ကင်​မရာပါသွားပြီး ပြန်​​ပေးသည့်​​ကြောင့်​ ကျွန်​​တော်​က​တော့ လည်​ပင်းတွင်​ ကင်​မရာကို ချိတ်​ကာ ​တောအလှအပတစ်​ခုချင်းစီကိုသာ ဓတ်​ပုံလိုက်​ရိုက်​​နေ​လိုက်​သည်​။ ​ကျော်​စွာနဲ့ဈာန်​က​တော့ ​နောက်​​က​နေ ဖြည်းဖြည်းချင်းကာ စကား​ပြောပြီ လမ်း​လျှောက်​လာကြ​လေသည်​။ လင်းသစ်​က ဒီလမ်းတိုင်းတည့်​တည့်​သွားဟု​ပြောတာ​ကြောင့်​ ကျွန်​​တော်​အကုန်​လုံးကိုမ​စောင့်​ဘဲ ထွက်​လာလိုက်​သည်​။လင်းသစ်​က ဦးကြီးတစ်​​ယောက်​နဲ့​တွေ့သည့်​မို့ နှုတ်​ဆက်​ရင်းစကား​ပြော​နေသည်​။သစ်​က​တော့ လင်းသစ်​​ဘေးတွင်​ရပ်​ကာ ထိုဦး​လေးကြီးကိုနှုတ်​ဆက်​​နေ​လေသည်​။

Pure love Kde žijí příběhy. Začni objevovat