Part-24

5.4K 336 14
                                    

ဆုံလည်​စားပွဲ​ပေါ်တွင်​ အမျိုးမျိုး​သောဟင်းများကတည်​ရှိ​နေသည်​။ရှင်​​နှောင်းအိမ်​မှာထမင်းလာစားသည်​ကို မာမီတို့က ဖွယ်​ဖွယ်​ရာရာပင်​လုပ်​​ပေးထားခြင်းပါ။

ပုံမှန်​ဆိုမာမီငှါးထားသည့်​ ထမင်းချက်​​ဒေါ်ကြီးချက်​​သော်​လည်း ဒီ​နေ့​တော့ မာမီကိုယ်​တို်​င်​ဝင်​ချက်​ထားခြင်းပင်​။ကျွန်​​တော်​ပြန်​​ရောက်​တည်းက အိမ်​ကိုခဏခဏလာလည်​​နေ​သော ရှင်​​နှောင်းက မာမီထမင်းပန်းကန်​ထဲကို ဟင်းအမျိုးမျိုးထည့်​​ပေးကာဖား​နေသည်​။

အိမ်​ကိုလာလည်​​သော သူမကို မနှင်​ရက်​ပါ ။သူလာလို့ ​ရောင်​နီနှင့်​ စကား​ပြောရသည်​​ကြောင့်​ပင်​။ မာမီ​ပေးထားသည့်​မုန့်​ဖိုးနှင့်​ ဖုန်းတစ်​လုံးဝယ်​လို့ရသည်​ကို သိ​သော်​လည်း ​ရောင်​နဲ့အဆက်​အသွယ်​ရှိရင်​ ဖုန်းပြန်​သိမ်းမည်​ကိုသိသည်​​ကြောင့်​ မဝယ်​ချင်​​တော့ပါ။

ကျောင်းဖွင့်​ခါနီး​ရောက်​သည်​​တောင်​ ကျွန်​​တော်​အခုထိ ရန်​ကုန်​ပြန်​ဖို့မကြိုးစားရ​သေးပါ။ ​မာမီက အရင်​လို့ အခန်းထဲတွင်​မပိတ်​ထားဘဲ ရှင်​​နှောင်းနဲ့တူတူအပြင်​သွားရန်​​တော့ခွင့်​ပြုသည်​။ကျွန်​​​တော်​လည်း အရင်​ကထက်​ မာမီနှင့်​အဆင်​​ပြေ​ပြေ ကျွန်​​တော်​ကြိုးစားပြီ​နေခဲ့သည်​။

"အန်​တီ​ များများစားနော်​....."

မာမီပန်းကန်​ထဲကို ဟင်းထည့်​​ပေး​နေ​သော ရှင်​​နှောင်း။သူမက မာမီအချစ်​​တော်​ဆိုတာ မာမီမ​ပြောလည်း ကျွန်​​တော်​အသိပင်​။မာမီက ကျွန်​​တော်​​နဲ့ သူမကို လက်​ထက်​​စေချင်​သည်​ကို သူမ​ရော ကျွန်​​တော်​​ရော သိ​သော်​လည်း ကျွန်​​တော်​တို့နှစ်​​ယောက်​လုံးက လူကြီး​တွေ၏ဆန္ဒများကို လစ်​လျှူရှုခဲ့သည်​။

"သမီးလည်း ထည့်​စား​နော်​ အားမနာနဲ့ "

"ဟုတ်​ကဲ့ အန်​တီ ...."

မာမီ​ပြောသည့်​ကို ​သူမနွဲ​နှောင်း​သော ဆံပင်​ယိမ်​နွဲ့သွားသည်​အထိ ​ခေါင်းညိတ်​ကာ ​ဖြေ​နေသည်​သူမသည်​ အလှဆုံးမဟုတ်​​သော်​လည်း လှပ​နေသည်​။

Pure love Där berättelser lever. Upptäck nu