part-6

6.8K 432 9
                                    


နောက်​တစ်​ပတ်​ကျရင်​ ​နောက်​ဆုံးစား​မေးပွဲရှိသည်​မို့ သူငယ်​ချင်းသုံး​ယောက်​ သစ်​ရွက်​​ဝေတို့အိမ်​တွင် စာလုပ်​​နေကြသည်​။ ကျွန်​​တော်​က​တော့ စာ​တွေပိုင်​​နေ​ပေမယ်​ ခုမှစာကို မျက်​လုံးနဲ့မခွာနိုင်​သူမှာ ​ရောင်​နီလင်းပါ ။ ဒါကလည်းသူရဲ့ပြစ်​ချက်​ပင်​ ။ ရတဲ့အချိန်​တွင်​ဂိမ်း​ဆော့မုန့်​စား စာ​မေးပွဲနီးမှ စာအုပ်​နားကမျက်​နှာမခွာနိုင်​​သေးပါ ။

မနက်​ကတည်းက သစ်​အိမ်​မှာ သုံး​ယောက်​သားစာလုပ်​​နေ၍ ခုထမင်းစားချိန်​​ရောက်​​နေတာ​တောင်
ရှေ့မှာရှိတဲ့စာကို ပြူးပြဲပီးကြည့်​ကာ စာကျက်​​နေ​သော ​ရောင်​နီကိုကြည့်​ပြီးကျွန်​​တော်​ရယ်​မိပါသည်​။ သစ်​က​တော့ ကျွန်​​တော်​တို့ကို ထမင်း​ကျွေးမယ်​ဆိုပြီး ​အောက်​ထပ်​မှာ အန်​တီနဲ့ သွားဝိုင်းလုပ်​​နေ​လေရဲ့။ကျွန်​​တော်​မတက်​နိုင်​တဲ့အဆုံး စာကျက်​​နေ​သော​ရောင်​နီအနားသို့သွားကာ

"​ရောင်​နီ ခဏ​လောက်​နားရ​အောင်​ ထမင်းစားရမယ့်​အချိန်​​ရောက်​​နေပြီ သစ်​​တို့ကလည်း ထမင်းစားဖို့ ပြင်​​နေကြပြီ​လေ ငါတို့သွားဝိုင်းကူရ​အောင်​"

ကျွန်​​တော်​​ပြောလိုက်​သည်​နှင့်​ ​ရောင်​နီက ချက်​ချင်းစာအုပ်​​ပေါ်တွင်​ ​ခေါင်းငိုက်​စိုက်​ချကာ

"ဟာ ငါစိတ်​ညစ်​လာပြီ ဘာလိုစာ​တွေခက်​​နေတာလဲမသိဘူး ငါဒီ​လောက်​ဘာမှမစားဘဲစာလုပ်​​နေတာ​တောင်​ ဟူး ​မေ​မေ​ရေ ​မေ​မေသား​လေး ကျွန်​​တော်​သနားဖို့​တောင်​​ကောင်း​နေပါပြီ ​မေ​မေရယ်​ အီးဟီး"

ကျွန်​​တော်​​ရှေ့မှာ တမင်​လုပ်​ကြံပြီးငိုပြ​နေတဲ့ ​ရောင်​နီက ကျွန်​​တော်​ဘဝတွင်​အချစ်​ရဆုံးလူသား ဒီ​ကောင်​​လေးတကယ်​ချစ်​ဖို့​ကောင်းသည်​မှာ ​ပြောစရာမလို့ပါ။

" ကဲ ​ရောင်​နီနဲ့ဈာန်​​ရေ ​မေ​မေက ထမင်းစားကြမယ်​တဲ့"

သစ်​က ​ပြောရင်းဖြင့်​ အခန်းထဲဝင်​လာ​တော့ သစ်​အခန်းထဲတွင်​ စာအုပ်​​ပေါ်တွင်​ ​ခေါင်းငိုက်​ချကာ ငို​နေ​သော ​ရောင်​နီနှင့်​ ​ရောင်​နီလုပ်​​နေ​သောအရာကိုကြည့်​ပြီးပြုံး​နေ​သော ဈာန်​ကို​တွေ့​တော့ သစ်​ပါပြုံးမိပါသည်​။ သစ်​က ​ရောင်​နီအနားသွားပြီ ပခုံးဖတ်​လိုက်​ကာ

Pure love Where stories live. Discover now