Part-9

6.1K 447 5
                                    


ရာသီ​တွေလည်းအလီလီ​ပြောင်းကုန်​သည်​မို့ ​နေရာတိုင်းမှာရှိသည်​မြင်​ကွင်းများကလည်း ​ပြောင်းလဲကုန်​ပါသည်​။

"တီ တီ တီ......."

ကျွန်​​တော်​​ဘေးတွင်​နှိုးစက်သံကိုကြား​သော်​လည်း မပိတ်​ဘဲ ကျွန်​​တော်​အုံး​နေသည်​​ခေါင်းအုံးကို နားနှစ်​ဘက်​ကိုအုပ်​ရင်း ပြန်​အိပ်​​နေ​လေသည်​။

"​ဒေါက်​ ​ဒေါက်​ ​ဒေါက်​ ...သား​မေ​မေဝင်​ခဲ့မယ်​​နော်​ သား"

ဒေါ်မြသားတစ်​​ယောက်​ အခန်းထဲဝင်​လာသည်​နှင့်​ ​ရောင်​နီညက စာလုပ်​ထားလို့ ပြန့်​ကျဲ​နေသည်​စာအုပ်​များနှင့်​ ​စားထား​သော မုန့်​ခွံများက မိတ်​ဆက်​​နေ​လေသည်​။ ​ကုတင်​​ပေါ်တွင်​အိပ်​​နေ​သော ​ရောင်​နီသည်​လည်း နှိုးစက်​သံကြားသည်​ကို မပိတ်​ဘဲနားပိတ်​ကာ ထပ်​အိပ်​​နေသည်​​နေသည်​မို့ ​ဒေါ်မြသားက နှိုးစက်​ကိုပိတ်​လိုက်​ပြီး လိုက်​ကာများကိုဖွင့်​လိုက်​သည်​။

"သား ထ​တော့​လေ ၇နာရီထိုး​တော့မယ်​ ​တော်​ကြာ သစ်​​လေးလာမှ အမြန်​ပြင်​ဆင်​ရလို့ ဟိုပစ္စည်းကျန်​ ဒီပစ္စည်းကျန်​ဖြစ်​အုန်းမယ်​ ထ​တော့​နော်​ သား"

ဒေါ်မြသားတစ်​​ယောက်​​ပြောပြီးသည်​တိုင်​ ​ရောင်​နီကဆက်​အိပ်​​နေတုန်းမို့ ​ဒေါ်မြသားက ​ရောင်​နီခြုံထား​သော ​စောင်​ကိုယူကာ ​ခေါက်​လိုက်​သည်​။

"​ရောင်​နီ​ရေ ​ရောင်​နီ​ရေ ​ရောင်​နီ !!!"

သစ်​ပါးစပ်​က​ရောင်​နီ​နာမည်​ခေါ်ပြီ တက်​လာတာ ​ရောင်​နီအခန်းထဲ​တောင်​​ရောက်​​ပါသည်​။ ​ရောင်​နီက သစ်​အသံကိုကြားရင်​ပဲ ​​ငေါက်​ခနဲ့ ထိုင်​ပါ​တော့သည်​။
ဒေါ်မြသားက ​ရောင်​နီလုပ်​​နေပုံကိုကြည့်​ပြီးပြုံး​နေသလို့ သစ်​ရွက်​​ဝေကလည်း ​ဘေးတွင်​ပြုံးစိစိနဲ့သာ။

"ဟွန့်​ ဘယ်​ဆိုးလို့လဲ ဒီ​နေ့ ငါမ​သောင်းကျန်​ပဲနဲ့​အေး​ဆေးထသား ဟီး.."

"အ​တော်​ပဲ သမီး​ရေ အန်​တီနှိုးတာမထဘူး သမီးလာမှသမီးကို​ကြောက်​လို့ထတာ "

Pure love Where stories live. Discover now