Part-5

7.9K 462 2
                                    


မ​နေ့က ​ရေထဲပြုတ်​ကျတာ​ရော လန့်​သွားတာ​ရော​ပေါင်းပြီး ကျွန်​​တော်​ဖျား​နေခြင်း​ကြောင့်​ ဒီ​နေ့​မနက်​​ကျောင်းမသွားနိုင်​​တော့ပါ။ ​မေ​မေကို​တော့ ဆရာမဆီခွင့်​တိုင်​​ပေးဖို့​ပြောထားပြီး ကျွန်​​တော်​အခန်းထဲတွင်​ပြန်​လှဲ​နေလိုက်​ပါသည်​။

"​ဒေါက်​ ​ဒေါက်​ သား​မေ​မေဝင်​ခဲ့မယ်​​နော်​"

ဒေါ်မြသား တစ်​​ယောက်​ ဆရာမဆီခွင့်​တိုင်​ပြီးသည့်​နှင့်​ သားအခန်းဆီတံခါး​ခေါက်​ပြီးဝင်​ခဲ့သည်​ ။ သား​တော်​​မောင်​ကခုထိမထရ​သေးတာ​ကြောင့်​ ​ဒေါ်မြသား​ရောင်​နီ​ပေါ်တွင်​ခြုံထား​သော​စောင်​ကိုဖယ်​လု​က်​ပြီး ​ရောင်​နီကို လှုပ်​နိုးလိုက်​​လေသည်​။

"သား ....ထပြီး ....မျက်​နှာသစ်​လိုက်​အုန်း​နော်​ ဖျား​နေတယ်​ဆို ​မေ​မေ သားဆရာမဆီခွင့်​တိုင်​​ပေးပြီပြီ ဆရာမ ရပါတယ်​တဲ့ သားကိုလည်းမှာလိုက်​​သေးတယ်
စာ​မေးပွဲနီးပြီမို့ ဂရုစု​က်​ပါအုန်းတဲ့"

မေ​မေက လှုပ်​နိုးရင်းဆက်​တု​က်​​ပြော​နေ​ပေမယ်​လည်း ကျွန်​​တော်​ မထနိုင်​​သေးပါ ​ ။ ခေါင်းက မှုး​နောက်​သည်​မို့ မျက်​လုံးများကိုကြိုးစားဖွင့်​ကာ ခန္ဓာကိုယ်​ကို​ထောင်​မတ်​လိုက်​ပြီး ​ခေါင်းအုံးကို မှီပြီးခဏ​လောက်​ ထိုင်​​နေလိုက်​သည်​။ ​မေ​မေကကျွန်​​တော်​ထထိုင်​တယ်​ဆိုရင်​ပဲ ကျွန်​​တော်​နှဖူး​ပေါ်လက်​တင်​ကာ အပူစမ်း​နေ​တော့သည်​။

"သား ထပြီးမျက်​နှာသစ်​လိုက်​​နော်​ ​လန်းသွား​အောင်
မေ​မေ​ဈေးထဲသွားပြီ ကြက်​သားသွားဝယ်​လိုက်​အုန်းမယ်​ ဟုတ်​ပြီလား"

မေ​မေက ကျွန်​​တော်​​ခေါင်းကိုသပ်​ကာ ​ပြော​နေခြင်း​ကြောင့်​ ကျွန်​​တော်​​ခေါင်းငြိမ်​ပြလိုက်​သည်​။ကျွန်​​တော်​ ​ခေါင်းငြိမ်​သည့်​နှင့်​​မေ​မေက ​အောက်​ထပ်​ကိုဆင်းသွား​လေသည်​။ ​မေ​မေသွားတာနဲ့ ကျွန်​​တော်​လည်း မျက်​နှာသစ်​မို့ ​ရေချိုးခန်းထဲဝင်​လိုက်​​တော့သည်​။

Pure love Kde žijí příběhy. Začni objevovat