Part-12

6.2K 415 4
                                    


👇👇👇
ဒီဇင်​ဘာလရဲ့ အ​အေးဓာတ်​နှင့်​ ​နေ​ရောင်​ခြည်​​နွေး​နွေးက လူသားအားလုံးကို "မင်္ဂလာပါ "လို့နှုတ်​ဆက်​​နေသ​ယောင်​။

မနက်​ဘက်​အိပ်​ရာထ​နောက်​ကျသည့်​မို့ တစ်​ဂွီဂွီမြည်​​နေသည့်​ ဗိုက်​ကိုလစ်​လျှူရူရင်း ​ကျောင်းသို့သွားရန်​ပြင်​ဆင်​ရ​သေးသည်​။

မေ​မေက အမြဲတမ်းမနက်​စာစားပြီမှ​ကျောင်းသွားရန်​​ပြော​သော်​လည်း အိမ်​နှင့်​​ကျောင်းက​ဝေးသည်​မို့ ​ကားကျပ်​သည်​​နေ့တွင်​ 9နာရီထိုးတာ​တောင်​ ​ကျောင်းသို့မ​ရောက်​နိုင်​။ ဒါ​တောင်​သစ်​အိမ်​ကလိုက်​ပို့သည်​ကားနှင့်​မို့ နည်းနည်းအဆင်​​ပြေ​လေသည်​။

အဝတ်​ဗီရိုထဲက အဝတ်​အစား​တွေကို တစ်​ထည်​ချင်းဝတ်​လို့အဆင်​​ပြေမည့်​ ဝတ်​စုံကို​ရွေး​နေရပါသည်​။ဒီ​နေ့ တတိယနှစ်​ပထမဆုံး​ကျောင်းတက်​မည်​​နေ့ ဖြစ်​သည်​ကတစ်​​ကြောင်း ပုံမှန်​ဆို လိုတာထက်​ပြင်​ဆင်​​လေ့မရှိသည့်​ ကျွန်​​တော်​က ဈာန်​နဲ့​ကျောင်းမှာတက်​ရမည့်​အခွင့်​အ​ရေးကို ​တွေးရင်​ တစ်​ညလုံးရင်​ခုန်​​နေသည်​မှာ ဒီမနက်​အထိ။အနည်းဆုံး​တော့ ဈာန်​ရဲ့​ရှေ့မှာ​တော့ ကြည့်​​ကောင်း​စေချင်​ပါသည်​။

"​ဒေါက်​ ​ဒေါက်​ "

ထိုအသံက ​မေ​မေရဲ့ မနက်​တိုင်းအချိန်​မှန်​တံခါး​ခေါက်​သံ။

"​မေ​မေ သား​လော့မချထားဘူး ​မေ​မေ "

"ကျွီ "

ဒေါ်မြသားက ​ရောင်​နီအခန်းထဲသို့ဝင်​သည့်​နှင့်​ ရှုပ်​ပွ​နေ​သော အဝတ်​အစားများ နှင့်​ စာအုပ်​များက ပုံမှန်​တိုင်း ​နှုတ်​ဆက်​​နေကြ​လေသည်​။

"သား ဒီ​နေ့ ပထမဆုံး​နေမှတ်​လား ​စော​စောထတာမဟုတ်​ဘူး သားရယ်​ ​ရေမြန်​မြန်​ချိုး​တော့ "

မေ​မေစကားကြားမှ နာရီကို ကြည့်​လိုက်​​တော့ ၇နာရီခွဲ ။
ကျွန်​​တော်​မနက်​က ၆နာရီ​လောက်​ထဲက နိုး​နေသည်​မှာအ​သေအချာ။ဝတ်​စုံ​ရွေးတာသည့်​အချိန်​ကို နာရီခွဲ​လောက်​အချိန်​​ပေးမိသည်​လား။ ကျွန်​​တော်​လုပ်​​နေသည့်​အ​ကြောင်းအရာများကို​တွေးရင်​ ကျွန်​တော်​ရယ်​​နေမိသလို့ ကျွန်​​တော်​နှလုံးသား​လေးကလည်း သူသခင်​နဲ့​တွေ့ရ​တော့မည်​ကို စိတ်​လှုပ်​ရှား​နေသည်​ထင်​ ရင်​​တွေ​တောင်​ခုန်​မိပါသည်​။

Pure love Where stories live. Discover now