Part-25

5.6K 295 18
                                    

"ငါ့သယ်​​ပေးမယ်​​လေး ဈာန်​ မင်း​လေး​နေအုန်းမယ်​...."

"မ​လေးပါဘူး ရတယ်​ ငါမင်းကို ဒီ​နေ့အိမ်​ပြန်​လိုက်​ပို့​ပေးမှာ​နော်​ သစ်​တို့ကားနဲ့မပြန်​နဲ့ ငါ့ကားပြန်​ရမယ်​..."

ဈာန်​က ​ရောင်​နီကိုနားသို့ ကပ်​ကာဆိုလိုက်​​လေသည်​။ ​ကျောင်းထဲ​ရောက်​​လျှင်​ လက်​ကိုင်​ခွင့်​​တောင်​မ​ပေးသည့်
ရောင်​နီကို လူကြားထဲ ရဲရဲဝံဝံလက်​ဆွဲကာ ​လျှောက်​ချင်​​သော်​လည်း ​ရောင်​နီ၏တစ်​ချက်​လွတ်​အမိန့်​တော်​​ကြောင့်​ လူကြားတဲတွင်​ ဘယ်​​သောအခါမှ နီးကပ်​စွာ​နေခွင့်​မရပါ။

"အင်းပါ မင်းကားနဲ့လိုက်​ခဲ့မယ်​ ဒါ​ပေမယ့်​ လမ်းထပ်​ထိပဲ​နော်​ ...."

"အင်းပါကွာ...."

"ငါဝိုင်းသယ်​​ပေးမယ်​​လေ မင်းနည်းနည်း​တော့​လေး​နေမှာပဲ....."

ရောင်​နီက​ပြောရင်းဆိုရင်း ကျွန်​​တော်​လက်​တွင်​ကိုင်​ထားသည့်​ ဂီတကို လှမ်းယူ​လေသည်​။ဟိုတစ်​​နေ့ ​ကျော်​စွာနှင့်​အပြင်​သွားရင်း ဘယ်​စိတ်​ကူး​တွေရသည့်​မသိ ​ရောင်​နီကိုဂီတလက်​​ဆောင်​​ပေးချင်​သည့်​​ကြောင်​ ဝယ်​လာခြင်း။ကျွန်​​တော်​လည်း ​ရောင်​နီလက်​ထဲတွင်​ ​ရောက်​​နေပြီဖြစ်​​သော ဂီတကိုပြန်​ယူလိုက်​သည်​။

"ငါ့သယ်​ပါ့မယ်​ဆိုမှကွာ ဈာန်​ကလည်း...."

ခြေ​လေး​ဆောင့်​ကာ နှုတ်​ခမ်းများအနည်းငယ်​ဆူကာ ​ပြော​နေသည့်​ သူက ကျွန်​​တော်​အချစ်​ရဆုံးလူးသား။ သူအပြုအမှုကိုကြည့်​ရင်း အသည်းယားသည့်​မို့မ​ပေးဘဲ
ဂီတကို​ကျွန်​​တော်​​ကျော​နောက်​တွင်​ ဖွတ်​ထားလိုက်​သည်​။

ဒါကိုပင်​ သူ့ကကျွန်​​တော်​​နောက်​မှရှိသည့်​ ဂီတကို မမှီမကမ်းနဲ့လှမ်းယူ​လေသည်​။အရပ်​ချင်းသိပ်​မကွာသည့်​​ကြောင့်​ သူကလှမ်းမိလိုက်​ ကျွန်​​တော်​က​ရှောင်​ဖယ်​လိုက်​လုပ်​ကာဖြင့်​ အဓိပတိလမ်းတစ်​​လျောက်​တွင်​ကျွန်​​တော်​တို့ နှစ်​​ယောက်​အသံများသာဖုံးလွမ်း​နေ​လေသည်​။

Pure love Where stories live. Discover now