Part-20

6.5K 404 34
                                    


ညဘက်​အချိန်​မို့ လူကြီးများက အိပ်​နှင့်​​နေကြ​သော်​လည်း သစ်​တို့အုပ်​စုမှာအခုထိအစားအ​သောက်​မပျက်​။

"သက်​သာလား ​ရောင်​နီ"

ဈာန်​က သူ​ဘေးတွင်​မုန့်​စား​နေ​သော ​ရောင်​နီ၏နဖူး​ပေါ်ကဆံပင်​​တွေကိုသပ်​​ပေးရင်း ​မေးလိုက်​​လေသည်​။

"အင်း အဆင်​​ပြေပါတယ်​ "

"​ခေါင်းက​ရောကိုက်​​သေးလား ပြကြည့်​ပါအုန်း "

ဈာန်​က ​ရောင်​နီကိုသူနှင့်​မျက်​နှာချင်းဆိုင်​​စေလိုက်​ပြီ ​​ဆေးထည့်​ပြီး ပက်​တီးပတ်​ထားသည့်​​နေရာကို ​သေချာကြည့်​​လေသည်​။

"​​ခေါင်းမကိုက်​​တော့ပါဘူး သူနာပြုဆရာမ​လေးက ​သေချာလုပ်​​ပေးလိုက်​တာကို "

ရောင်​နီ ​ရေစီးနှင့်​မျော့ပါးရင်း နဖူးတွင်​ဒဏ်​ရာရခဲ့သည့်​အပြင်​ ​ခြေ​ထောက်​မှာ​ရောဆိုသည့်​​ကြောင့်​ လင်းသစ်​တို့ ရွာက​ဆေးခန်းတွင်​သွားပြကြ​လေသည်​။ ဆရာမက စိုးရိမ်းစရာမရှိဘူး​ပြောသည်​လည်း ဈာန်​က ဆရာမကိုခဏခဏ​ရောင်​နီအ​ခြေအ​နေ​မေးသည့်​​ကြောင့်​ ဆရာမကပင်​ ဘာ​တော်​တာလဲ​မေးသည့်​အထိပင်​။ပြန်​လာသည့်​တစ်​​လျှောက်​လုံးတွင်​လည်း သက်​သာလားဟုပင်​ ခဏခဏ​မေးသည့်​​ကြောင့်​ သစ်​ရွက်​​ဝေရဲ့ ဆူ​ငေါက်​ခြင်းခံရသည်​မှာလည်း တစ်​ကြိမ်​မက​တော့။ခုလည်း သက်​သာ​နေပါပြီဆိုမှ အခုထိစိုးရိမ်​လွန်​​နေ​သော ဈာန်​ကို ​ရောင်​နီပြုံးမိ​လေသည်​။

"ဟဲ့ ဈာန်​ နည်းနည်းပါးပါး နင်​တို့​ဘေးမှာ ငါ့တို့ရှိတာလည်း သတိထားအုန်း"

သစ်​ရွက်​​ဝေက လင်းသစ်​ကိုမုန့်​​ကျွေးရင်​ ​ပြောလိုက်​​လေသည်​။ညဘက်​အချိန်​မို့ သစ်​ရွက်​​ဝေ၏အသံမှာ ကျယ်​​လောင်​​နေ​သ​ယောင်​။သစ်​စကား​ကြောင့်​ ဈာန်​က​ သူမဟုတ်​သည့်​အတိုင်း ပန်းကန်​ထဲမှာမုန့်​ချပ်​ကိုယူပြီး စားလိုက်​​လေသည်​။ ​ရောင်​နီက​တော့ ပြုံးရုံသာ ပြုံး​နေလိုက်​​လေသည်​။

"​နေပါအုန်း နင်​တို့​ရော ဘာထူးလဲ "

"ငါတို့ဘာထူးခြား​နေလို့လဲ "

Pure love Where stories live. Discover now