Extra ♡

12.7K 508 51
                                    

(လွန်​ခဲ့တဲ့လက သဲဖြူကျွန်းမှာ ရိုက်​ခဲ့တဲ့ပုံပါ ဖြတ်​ညှပ်​ကတ်​လုပ်​ထားတာပါ=============

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(လွန်​ခဲ့တဲ့လက သဲဖြူကျွန်းမှာ ရိုက်​ခဲ့တဲ့ပုံပါ ဖြတ်​ညှပ်​ကတ်​လုပ်​ထားတာပါ
=============

" ပင်​လယ်​စာ​တွေ မစားပါနဲဆိုကွာ ........"

ကိုင်​ထား​သော တူဖြင့်​ နှိုက်​စားရန်​ပြင်​​နေ​သော ​ရောင်​နီ​ကြောင့်​ တကယ်​စိတ်​တိုမိသည်​ ။ ​ခေါ်လာတဲ့ကိုယ်​ကသာ အမှားဖြစ်​​နေသည်​ ။ ​ချောင်းသာလာတဲ့တစ်​​လျှောက်​လုံး ပင်​လယ်​စာ စာဖိုးပဲပြင်​ဆင်​​နေ​လေသည်​ ။

" ​ပင်​လယ်​ဘက်​ကို လာပါတယ်​ ဆိုမှ ငါက ပင်​လယ်​စာ မစား​လို့ ဘာစားရမှာလဲ......ခုစားတဲ့ဂဏန်းကလဲ ဘာမှမဖြစ်​​လောက်​ပါဘူးကွာ ....."

ပြောရင်းဆိုရင်း လက်​လှမ်း​နေ​သော ​ရောင်​နီ​ကြောင့်​ လက်​ကိုဖျက်​ခနဲ့ရိုက်​ချလိုက်​သည်​ ။

" အ့........."

" မရဘူး မစားနဲ့ မနက်​က ​မေ​မေကို​မေးပြီပြီ မင်းကိုပင်​လယ်​စာတစ်​ခုမှ မ​ကျွေးပါနဲ့တဲ့......."

" အဲတာထက်​ ဒီမှာ မင်းရိုက်​တာ ငါလက်​နီသွားပြီ...."

လက်​ကို ​ရှေ့သို့တုးပြရင်း နီ​နေ​သော လက်​​ကောက်​ဝတ်​​နေရာကို ​သေချာပြ​လေသည်​ ။

နီရဲ​နေ​သော လက်​​ကောက်​ဝတ်​ကို ကြည့်​ပြီး စိတ်​မ​ကောင်းရသည့်​က ကိုယ်​.......

" ဥုံဖွ​နော်​ ......... "

လက်​ကို အာ​ငွေ့အနည်းငယ်​​ပေးရင်း နီရဲ့​နေ​သော လက်​​ကောက်​ဝတ်​​ပေါ်ကို ဖွဖွ​လေးကိုင်​လိုက်​သည်​ ။

" ​ရောင်​နီက လိမ္မာတယ်​ကွာ ပင်​လယ်​စာ မစားနဲ့ ကျန်​တာကြိုက်​တာလုပ်​ အကုန်​လုပ်​​ပေးမယ်​ ဟုတ်​ပြီလား"

Pure love Where stories live. Discover now