Part-13

5.8K 396 6
                                    

ကျောင်းတက်​လာတာ တစ်​လရှိ​သော်​လည်း တစ်​​နေ့စာကို တစ်​​နေ့ပုံမှန်​ စာမလုပ်​တက်​သည့်​ အကျင့်​​ကြောင့်​ စာအုပ်​ကိုလှန်​ကြည့်​​တော့ စာများက မမှတ်​မိ။ဆရာမများ၏ သင်​ကြားမှုက​ကောင်းမွန်​​သော်​လည်း စာကိုစိတ်​မဝင်​စားသည့်​ မိမိကိုယ်​ကိုအပြစ်​တင်​ရင်းဖြင့်
မိမိအခန်းတွင်​ ​မေ​မေလုပ်​​ပေးထား​သော ခုံတွင်​ဝင်​ထိုင်းရင်း စာများကိုစတင်​​လေ့လာရပါ​တော့သည်​။

"​ရောင်​နီ​ရေ ​ရောင်​နီ "

သစ်​ရွက်​​ဝေက ခြံ​ပေါက်​ဝထဲဝင်​တာနဲ့ ​သူမအသံ​ကောင်း​ကြောင်း​ကြေငြာပါ​လေသည်​။

"သမီး သစ်​ "

သစ်​ရွက်​​ဝေဝင်​လာတာကို ​ဧည့်​ခန်းတွင်​ထိုင်​​နေ​သော​ဒေါ်မြသားက သူ့အနားသို့လာရန်​ လက်​ပြကာ ​ခေါ်​လေသည်​။ ​သစ်​ရွက်​​ဝေလည်း ​ဒေါ်မြသားကို ပြုံးပြပြီး ​ဒေါ်မြသား​ဘေးနားက ခုံတွင်​ထိုင်​​လေသည်​။

"အန်​တီ ​ရောင်​နီ​ရော "

"အ​ပေါ်တက်​မှာ သမီး​ရေ ​နေလည်​စာ စားပြီးထဲက အခန်းထဲမှာစာလုပ်​စရာရှိလို့ဆိုပြီး ​နေ​လေရဲ့"

"ဟုတ်​လား အန်​တီ အာဆိုသမီးသူဆီသွားလိုက်​အုန်းမယ်​​နော်​ "

"​အေး သမီး "

သစ်​ရွက်​​ဝေလည်း ​ဒေါ်မြသားကိုနှုတ်​ဆက်​ပြီး ​ရောင်​နီအခန်းနားကို ​ခြေသံမကြား​အောင်​ဖွဖွ​လေး လှမ်းကာလာခဲ့သည်​။ ​ရောင်​နီအခန်းတံခါးကိုဖွင့်​လိုက်​တယ်​ဆိုရင်​ပဲ စာကြည့်​စားပွဲတွင်​ နားထဲကိုနားကြပ်​တပ်​ကာ ​ရောင်​နီက စာ​ရေး​နေ​လေသည်​။

"ဝါး "

သစ်​ရွက်​​ဝေက ​ရောင်​နီပခုံးကိုတွန်းကာ "ဝါး"ဆိုပြီ မျက်​လုံးပြူးပြကာ သရဲပုံစံလုပ်​ပြ​သော်​လည်း ​ရောင်​နီက သစ်​ကိုတစ်​ချက်​သာကြည့်​ပြီး စာသာဆက်​​ရေး​နေ​လေသည်​။

"ဖြန်း"

သစ်​က​ရောင်​နီ​ကျောပြင်​ကိုတစ်​ချက်​ရိုက်​ပြီး ​ရောင်​နီနားတွင်​တပ်​ထား​သောနားကြပ်​ကိုပါ ဖြုတ်​လိုက်​လိုက်​သည်​။

Pure love Wo Geschichten leben. Entdecke jetzt