Part-29

5.1K 274 20
                                    

" မလုပ်​ပါနဲ့ မလုပ်​ပါနဲ့ ဟင်းအင့်​ မလုပ်​ပါ........နဲ့..."

ရုတ်​တရက်​ ထလိုက်​သည့်​​ကြောင့်​ နာကျင်​မှုက စတင်​မိတ်​ဆက်​သည်​ ။ နသယ်​စပ်​ကို စီးဆင်းလာ​သော ​ချွေးများက လက်​ခုံ​ပေါ်သို့ ​ပေါက်​ခနဲ့ ။ ရုတ်​တရက်​မျက်​နှာကျက်​ကို ကြည့်​လိုက်​သည့်​နှင့်​ အလင်းစူးစူးက မျက်​လုံးကို ကျိန်းစပ်​​စေသည်​ ။ မိမိ​ရောက်​​နေ​သော ​နေရာကိုကြည့်​မိ​တော့ မိမိအခန်းဖြစ်​​နေသည်​ ။ ခုံ​ပေါ်တွင်​ တင်​ထား​သော နာရီကိုကြည့်​​တော့ 10:00 PM⌚⌚⌚ ။

" သား ဘာဖြစ်​တာလဲ....."

ဖေ​ဖေနှင့်​ ​မေ​မေက အခန်းထဲဝင်​လာပြီ ​မေး​နေ​သော်​လည်း အခုထိစကားမ​ပြောနိုင်​​သေး ။ အာ​ခေါင်​များက ​ခြောက်​ကပ်​လျှက်​ ခုနက မြင်​လိုက်​ရသည့်​ ဝိုးတဝါးအရိပ်​များကို စဉ်းစား​နေမိသည်​ ။

" ​မေ​မေ သား အိမ်​မက်​​တွေ မ​ကောင်းဘူး အိမ်​မက်​ထဲမှ လူတစ်​​ယောက်​ သားကို အကျီ​တွေချွတ်​​နေတယ်​..."

နောက်​အ​ကြောင်းအရာများက​တော့ မိမိကိုယ်​တိုင်​ပါးစပ်​က မထွက်​ချင်​​တော့ ။ ​ဖေ​ဖေနှင့်​ ​မေ​မေကို ကြည့်​​တော့လည်း နှစ်​​ယောက်​လုံး မျက်​နှာပျက်​​နေသည်​ကို သတိထားမိသည်​ ။

" ​မေ​မေ ဟိုတစ်​​နေ့က သားကို ​မေ​မေတို့ ဘယ်​က​နေ​ခေါ်လာတာလဲဟင်​....."

မိမိကိုယ်​တိုင်​မမှတ်​မိ​သော်​လည်း ပုံရိပ်​အချို့​တော့ အနည်းငယ်​ ​ဝေးဝါးစွာ မြင်​​နေရသည်​ ။ ထို​နေ့က ကိစ္စကို ​မေ​မေနှင့်​ ဖုန်း​ပြောပြီးသည့်​အထိ စဉ်းစားလို့ရ​သော်​လည်း ​နောက်​ပိုင်းက ကိစ္စ​တွေ​တော့ လုံးဝစဉ်းစား၍မရပါ ။

" သား သွားခဲ့တဲ့ ဆိုင်​မှာ​လေ...."

" ဟုတ်​လို့လား ​မေ​မေ သားမျက်​လုံထဲမှာ ပုံရိပ်​​တွေမြင်​​နေတယ်​ .....ပြီး​တော့ သားရဲ့ ဘယ်​ဘက်​ပါးက အရမ်းနာ​နေတယ်​ ​... "

ဖေ​ဖေက စကားမဆုံးခင်​ အခန်းအပြင်​သို့ထွက်​သွားသည်​ ။ ​​မေ​မေကိုကြည့်​​တော့လည်း မျက်​လုံးထဲတွင်​ မျက်​ရည်​များ ​ဝေ့သီးလျှက်​ ။

Pure love Where stories live. Discover now