" ဒီနေ့လည်း မလာတော့ဘူးထင်တယ် ......"
ကြားရုံလောက်စကားသာ ဆိုရင်း နာကျင်စွာပြုံးမိသည် ။ နှလုံးသားထဲထိ ပြဿာနာလာရှာသည့် ဝမ်းနည်းမှုကြောင့် အလိုအလျှောက် မျက်ရည်ပါဝဲနေမိသည် ။
" ဟာ ဘာလို့ မျက်ရည်တွေကျနေမှန်းကို မသိဘူး..."
ဆရာဝန်က မျက်ရည်မကျအောင်နေရန် ပြောသော်လည်း မရပါ သူအကြောင်းတွေးလိုက်တာနှင့် မျက်ရည်စက်တို့ ကျဆင်းလာသည် ။ လွန်ခဲ့တဲ့ရက်အနည်းငယ် က သတိရနေပြီဖြစ်သော်လည်း ခင်မင်သောလူတိုင်းက သတင်းလာမေးကြလေသည် ။ ဈာန်ကလွဲ၍ပေါ့ ။
ပတ်တီးဖြေပြီးတာ ရက်အနည်းငယ်ကြာသေးသည် ။ မျက်ကြည်လွှာအလျှူရှင်ကိုစောင့်ရင်း ဆေးရုံတွင်နေလာသည့်မှာ အနည်းငယ်တော့ကြာနေပြီ ဖြစ်နေသည် ။
အမြင်အာရုံ မရရှိနိုင်သည့်ကြောင့် ယခုအချိန်မည်မျှရှိပြီးလဲ မသိသေးပါ ။ အရာအာလုံးက မေမေပြောပြမှသာ သိရသည် ။ တစ်ခါတစ်လေ သစ် ၊ လင်းသစ်နှင့် ကျော်စွာတို့ လာလည်တက်သည် ။
" ရောင်နီရေ..... "
" သစ် ...."
တံခါးဖွင်သံနှင့်အတူ သစ်အသံကို ကြားရသည့်ကြောင့် အသံကြားရာဘက်သို့ မျက်နှာမှုလိုက်သည် ။ အမြင်အာရုံကတော့ အမှောင်ကမ္ဘာအတိသာ ။
" ငါ ထမင်းသုပ် ယူလာတယ်...."
" အင်း အတော်ပဲ သစ် ငါလည်းဗိုက်ဆာနေတာနဲ့..."
" ငါအခုထည့်လိုက်တော့မယ်နော် ....."
" အင်း ဒါနဲ့ ဒီနေ့ လင်းသစ်နဲ့ ကျော်စွာရော မပါဘူးလား...."
" အင်း .....သူတို့က ဒီနေ့အလုပ်ရှိတယ်တဲ့ ...."
" အင်းပါ သူတို့လည်းနေ့တိုင်း ဘယ်အားမလဲ .....
သစ် ဒါနဲ့ အခုဘယ်အချိန်ရှိပြီလဲဟ ....."" ညနေ 5နာရီ ရှိပြီ ရောင်နီ....."
" ဪ....."
YOU ARE READING
Pure love
Romanceသန့်စင်တဲ့ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေ ကြီးမြတ်လာရင် ဘာဆက်ဖြစ်မှာလဲ ဈာန် .....????? ♡ အရင်ဆုံး ဒီficက ကျွန်တော်ရဲ့ ပထမဆုံးficလေးပါ။ အရေးအသားတွေကို အတက်နိုင်ဆုံး စာဖတ်သူနားလည်အောင် ကျွန်တော်ရေးပေးထားထားပါတယ် ၿပီးေ...