Part-14

6.1K 420 13
                                    


မီးဖိုခန်းထဲတွင်​ ​ အသီးအရွက်​​ခြွေသူက​ခြွေ​နေပြီး အသားများကိုလှီးသူကလှီး​နေကြ​လေသည်​။ မီးဖိုခန်းထဲတွင်​ လူကြီးသုံး​ယောက်​ဘယ်​​လောက်​ပင်​အလုပ်​ရှုပ်​​နေ​သော်​လည်း ခုထိအိပ်​ရာမထ​သေးသူမှာ ဈာန်​ဝင်​ထည့်​။

"ဂွတ်​​တော်​ အသား​တွေကို​သေချာလှီး​နော်​ သားက ညတည်းက​သေချာမှာထားတာ သူ့သူငယ်​ချင်း​တွေအတွက်​အ​ကောင်းဆုံးလုပ်​​ပေးပါတဲ့ "

ဒေါ်သန္တာက သားငါးလှီး​နေ​သော ဂွတ်​​ထော်​အား​သေချာမှာ​နေ​လေသည်​။

"ဟုတ်​ကဲ့ မမ"

ဒေါ်သန္တာက ဂွတ်​​ထော်​ကိုမှာပြီးသည်​နှင့်​ ​ခြွေလက်​စ အရွက်​များကို ​ခြွေ​နေ​လေသည်​။

:-* :-* :-* :-*

ကျော်​စွာတစ်​​ယောက်​ ဈာန်​အိမ်​ဝင်​လာကတည်းက အရင်​ဆို ခြံထဲတွင်​​အလုပ်​ လုပ်​​နေ​သောမောင်​ပုကိုကြည့်​​သော်​လည်းမ​တွေ့။ ဧည့်​ခန်းထဲဝင်​သည်​နှင့်​ဘယ်​သူမှာမ​တွေ့သည့်​​ကြောင့်​ ပိုထူးဆန်​​နေ​လေသည်​။

"အန်​တီသန္တာ အန်​တီသန္တာ "

"သား​ကျော်​စွာ​ရေ အန်​တီတို့ ​နောက်​​ဖေးမှာ​ဟေ့"

ဒေါ်သန္တာတစ်​​ယောက်​ ဟင်းသီးဟင်းရွက်​​ခြွေ​နေတုန်း
ကျော်​စွာ ​ခေါ်သံ​​ကြောင့်​ ပြန်​သာထူးလိုက်​​လေသည်​။
ကျော်​စွာတစ်​​ယောက်​ မီးဖိုခန်းထဲဝင်​လိုက်​သည့်​နှင့်​ အလုပ်​ရှုပ်​​နေ​သောလူကြီးသုံး​ယောက်​လုံးကိုနှုတ်​ဆက်​လိုက်​ပြီး အရွက်​​ခြွေ​နေ​သော ​ဒေါ်သန္တာ​ဘေးကခုံတွင်​ဝင်​ထိုင်​ရင်း အရွက်​​ခြွေ​နေ​ပေး​လေသည်​။

"အန်​တီ ဘာ​တွေအဲ့​လောက်အလုပ်​ရှုပ်​​နေကြတာလဲ "

"သားကို ဈာန်​မ​ပြောထားဘူးထင်​တယ်​ သား​ရေ ခဏ​လေး "

ဒေါ်သန္တာက ခုံမှာခဏထသွားပြီ ဟင်းချိုအိုးကိုဂရုစိုက်​​နေသည့်​ ​မောင်​ပုနားသို့သွားကာ ဟင်းရည်​အရသာခံ​နေ​လေသည်​။

"​မောင်​ပု ဆားနည်းနည်း​လောက်​ထည့်​လိုက်​အုန်း ဟုတ်​ပြီလား "

Pure love Where stories live. Discover now