Part-3

8.4K 575 1
                                    


မ​နေ့က ကျွန်​​တော်​ သစ်​ရွက်​ကိုစ​ရင်းနဲ့ ဈာန်​ပါ စိတ်​ဆိုး​တော့ ကျွန်​​တော်​ ဒီ​နေ့​ ​ကျောင်းကို​စော​စောလာပြီ ​အတန်းထဲမှာ မပြီး​သေးတဲ့စာ​တွေကို​ရေးရင်း​ ​စောင့်​​နေ​လေသည်​။ စာမလုပ်​​လို့လည်း မရ​တော့ပါ ​နောက်​လကြရင်​ ​နောက်​ဆုံးစာ​မေးပွဲရှိပါသည်​။

" အမ​လေး ဒီ​နေ့ မိုးရွာ​တော့မယ်​ ​ရောင်​နီ​ရေ "

ကြားရပါပြီ တစ်​တန်းလုံး သူအသံချည်းပဲ ။ မိန်းခ​လေးဖြစ်​ပြီး ​ကျောင်းအကျီရင်​ဖုံးနဲထမီဝတ်​ထားလို့သာ ​နေပုံထိုင်​ပုံက တစ်​စက်​မှ မိန်းမ မတူပါ ။

" ကဲ ဘာဖြစ်​လို့လဲ​ပြောစမ်းပါအုန်း မိသစ်​ရွက်​ရယ်​ "

" မသိပါဘူးဟာ နင်​​​ကျောင်းကို ​စော​စောမ​ရောက်​စဖူး​ရောက်​​နေ​တော့ ​နေပူကြီး မိုးရွာမယ်​ထင်​လို့"

"​ စော​စောမလာလို့မရဘူး မ​နေ့က ငါကို ဈာန်​စိတ်​ဆိုးသွားတယ်​​လေ အဲ့တာ​ချော့မို့ အ​စောကြီး ​ကျောင်းလာတာ ရှင်းပြီလား "

" ​ရောင်​နီ နင်​​ပြောမှ ငါ​တောင်​စိတ်​ထဲတစ်​မျိုးဖြစ်​လာပြီ တကယ်​လို ဈာန်​က စိတ်​မ​ပြေရင်​ဘယ်​လိုလုပ်​မလဲ ဟင့်​"

" စိတ်​မပူပါနဲ့ သစ်​ရယ်​ ဈာန်​လား ငါတို့ကိုမ​ခေါ်ပဲ​နေမှာ "

" နင်​ကသာ​ပြော​နေတာ ​ရောင်​နီရယ်​ အခု ၆နာရီ ၄၄မိနစ်​ရှိပြီ ​တော်​ကြာ​နေ ​ခေါင်း​လောင်းထိုး​တော့မှာ ​အခုထိ ဈာန်​ရဲ့အရိပ်​အ​ရောင်​​တောင်​မ​တွေ့ရဘူး "

သစ်​​ပြောမှ ကျွန်​​တော်​သတိထားမိပါသည်​။ ဈာန်​က ​အတန်း​ခေါင်း​ဆောင်​ဖြစ်​တဲ့အတွက်​အမြဲတမ်း ​ကျောင်းကို​စော​စောလာ​နေကြပါ ဘာလို့ ဒီ​နေ့မှ ​စော​စောမလာပါလိမ့်​။

" ​အေး ဘာပဲဖစ်​ဖြစ်​သစ်​ရာ တကယ်​လို့ သူ​ကျောင်းမလာရင်​ ငါတို့ရှိတဲ့​နေရာကို သူလာ​အောင်​လုပ်​မယ်​ ဟုတ်​ပြီလား "

ကျွန်​​တော်​စကားကြား​တော့ သစ်​ရွက်​မျက်​လုံး​တွေဝိုင်းစက်​သွာကာ အံသြ​နေသည်​။

Pure love Where stories live. Discover now