Part-30

5.4K 305 24
                                    

အ​ဆောက်​အဦးထဲသို့ ဝင်​လိုက်​သည့်​နှင့်​ ​ဆေးနံများက နှာ​ခေါင်းတွင်း​သို့ ဝင်​​ရောက်​လာသည်​ ။ ငယ်​ငယ်​​လေးတည်းက ​ဆေးရုံ​ဆေးခန်းနှင့်​ အလွန်​​ဝေးသည်​ ကျွန်​​တော်​က အခု ​ဆေးနံများပြည့်​​နေ​သော ​ဆေးရုံသို့​ရောက်​​နေ​လေသည်​ ။ ရှုပ်​ယှက်​ခတ်​​နေ​​သော လူများကိုကြည့်​ရင်း ​ပထမဆုံး မှင်​သက်​​နေမိသည်​ ။

" ဈာန်​ မြန်​မြန်​လာ​လေကွာ ......"

လက်​ပြကာ ​ခေါ်​နေ​သော ​ကျော်​စွာကို ​ခေါင်းသာညိတ်​ပြလိုက်​သည်​ ။ ​ဆေးရုံတစ်​​လျှောက်​ လူနာများကိုကြည့်​ရင်း ရင်​ထဲတွင်​ခံစားချက်​တစ်​ခုခံစားမိသည်​ ။

အလုပ်​ရှုပ်​​နေ​သော သူနာပြုကို ​မေး​နေ​သော ​ကျော်​စွာတို့အနားတွင်​ ရပ်​​နေလိုက်​သည်​ ။ အခုထိ​ရောင်​နီ၏အရိပ်​အ​ရောင်​​တောင်​မမြင်​ရပါ ။

" အဲ့လူနာက အခုထိခွဲစိတ်​ခန်းထဲဝင်​​နေတုန်းပါ...."

သူနာပြုမ​လေး၏ စကားသည့်​ လူကို​သွေး​ခြောက်​ခြား​စေသည်​ ။ စကားကို​တောင်​ပြီး​အောင်​ နားမ​ထောင်​ဘဲ ခွဲစိတ်​ခန်း​ရှေ့ကိုသာ အ​ပြေးလာခဲ့သည်​ ။

" ဈာန်​....ဈာန်​.....​ဟေ့​ရောင်​....."

အ​နောက်​ဘက်​က ​ကျော်​စွာတို့​ခေါ်သည်​ကိုကြား​သော်​လည်း ​လျှောက်​လှမ်း​နေသည့်​ ​ခြေလှမ်းတို့ကိုမရပ်​တန့်​ခဲ့မိပါ ။ နဖူး​ပေါ်တွင်​ရှိသည့်​ ​ချွေးကိုပင်​ ယခုချိန်​မှာသုပ်​ဖို့ မလုပ်​နိုင်​​သေး ။

အ​ဝေးက​နေလှမ်းမြင်​ပြီဖြစ်​​နေ​သော ခွဲစိတ်​ခန်းအနီးကိုသွားဖို့ ​ခြေလှမ်းတို့ကို မနည်းအားထည့်​ကာလှမ်း​နေရသည်​ ။ ခွဲစိတ်​ခန်း​ရှေ့တွင်​ မတ်​တပ်​ရပ်​ကာ ငို​နေ​သော သစ်​ရွက်​​ဝေနှင့်​ ​ရောင်​နီ​မေ​မေတို့ကိုလည်းလှမ်းမြင်​​နေရသည်​ ။

" သစ်​........."

မနည်းအားယူကာ ထွက်​သွား​သောအသံသည်​ အကုန်​လုံးကြားရန်​လုံ​လောက်​​ပါသည်​ ။ အခန်း​ရှေ့တွင်​ရပ်​​နေ​သော သစ်​ရွက်​​ဝေတို့မိသားစုနှင့်​ ​ရောင်​နီမိဘများ၏အကြည့်​တို့က မိမိဆီမှာသာ တည်​ရှိလျှက်​ ။

Pure love Where stories live. Discover now