Part- 11

6.4K 434 14
                                    


ခြံထဲတွင်​ အပင်​​တွေကြားအလုပ်​များ​နေ​သော လူသုံး​ယောက်​။ ထိုသုံး​ယောက်​သည်​ ကိုယ်​စီအလုပ်​လုပ်​​နေကြကာ အကျီ​ပေါ်တွင်​ သစ်​ရွက်​​ခြောက်​များ ဖုန်​များက တည်​ရှိလျှက်​။

"​ဒီပန်းအိုးကဘယ်​​နေရာကို​ရွေ့မှာလဲ ​မေ​မေ "

သစ်​ရွက်​​ဝေက သစ်​ရွက်​ဝါ​တွေကို​ခြွေ​နေ​သော ​ဒေါ်သစ္စာကို ​မေးလိုက်​​လေသည်​။

"ခြံ​ထောင်​က ​နေရာ​လေးကို​ရွေ့ထားလိုက်​သမီး ပြီး​တော့ ခြံတံခါးပါ တစ်​ခါတည်း ပိတ်​ခဲ့​နော်​ ​မေေ​မ ​မေ့​နေလို့ "

"​မေ​မေ သမီးတို့ အိမ်​ထဲဝင်​ခါနီးမှ ပိတ်​လိုက်​​တော့မယ်​​လေ ​"

သစ်​ရွက်​​ဝေ​ပြောသည်​ကို ​ဒေါ်သစ္စာက ​ခေါင်းသာငြိမ့်ပြပြီး သစ်​ရွက်​ဝါများကိုဆက်​ပြီး​ခြွေ​နေပါ​တော့သည်​။

"အန်​တီ​ရေ ​မေ​မေက သစ်​ခွမျိုး​တွေနည်းနည်း​လောက်​​ပေးပါအုန်းတဲ့၊  ခြံထဲမှာစိုက်​ချင်​လို့တဲ့ "

ရောင်​နီက ပန်​အိုး​လေးများကိုစီရင်း ​ဒေါ်သစ္စာကို​ပြောလိုက်​​လေသည်​။

"​အေး အန်​တီထည့်​​ပေးလိုက်​မယ်​​နော်​ ​ရောင်​နီ သား ည​နေ​စောင်းမှာပြန်​​နော်​ အိမ်​မှာ ထမင်းစားသွားအုန်း​"

"ဟုတ်​ကဲ့အန်​တီ သားကလည်း စားပြီမှပြန်​မှာ ဟီးဟီးဟီး "

ရောင်​နီက ​​ဒေါ်သစ္စာကိုပြန်​​ပြောလိုက်​သည်​နှင့်​ ဘယ်​အချိန်​က ​ရောင်​နီနား​ရောက်​မှန်းမသိသည့်​ သစ်​ရွက်​​ဝေက "အငတ်​"လို့​ပြောသည်​ကို ​ရောင်​နီက​တော့ရယ်​​နေ​ပေမယ့်​ ​ဒေါ်သစ္စာက သစ်​ရွက်​​ဝေကိုမကြည်သည့်​အကြည့်​ဖြင့်​ ​ကြည့်ကာ

"သမီး အဲ့လိုမ​ပြောရဘူး​လေ ​တော်​ကြာ​ရောင်​နီ ထမင်းမစားသွားဘဲ​နေအုန်းမယ်​"

"​မေ​မေကလည်းအဖြစ်​ကိုသည်းလွန်းတယ်​ ​ရောင်​နီလား မစားမှာ မပူနဲ့​မေ​မေ​ရေ သမီးတို့အိမ်​က စည်းစိမ်​ပြုတ်​မှာ သူက မစားမှာ"

Pure love Where stories live. Discover now