Part-16

5.6K 405 10
                                    


စက်​ဘီးစီးရတာကြိုက်​သည်​မို့ တီ​လေးတို့အိမ်​​ရောက်​ပြီမကြာ တီ​လေးက ကိုယ်​မပူဆာပါဘဲနဲ့ ပြိုင်​ဘီး​လေးတစ်​စီးဝယ်​​ပေး​လေသည်​။ လမ်းချိုးအမျိုးမျိုးကို စိတ်​​ပြေလို​ပြေငြားလိုက်​​စီး​နေ​သော်​လည်း အ​တွေးထဲတွင်​တစ်​​ယောက်​​သောသူက ​နေရာယူဝင်​​ရောက်​​နေ​လေသည်​။ အကြိမ်​ကြိမ်​အခါခါ သူ့အ​ကြောင်းကိုမ​တွေးဖို့ စဉ်းစား​သော်​လည်း အချိန်​တန်​ရင်​ သူအ​ကြောင်းသာ​တွေးမိ​နေ​လေသည်​။ ည​နေပိုင်းဖြစ်​သည့်​​ကြောင့်​ ​တော်ရုံမည်​သူမှာ အိမ်​အပြင်​မထွက်​သည့်​မို့ စက်​ဘီး​နင်းရသည်​မှာ အလွန်​​ကောင်းပါသည်​။ ​လေညှင်းတိုက်​ခတ်​လိုက်​သည့်​အချိန်​တိုင်းတွင်​ မျက်​လုံးများမှိတ်​လိုက်​ရင်​ပဲ ထိုသူရဲ့ပုံရိပ်​အမျိုးမျိုးက ကိုယ်​မ​ခေါ်ပါဘဲ ကိုယ်​အ​တွေးထဲဝင်​လာ​လေသည်​။ မှိတ်​ထားသည့်​မျက်​လုံးကိုပြန်​ဖွင့်​ရင်း စက်​ဘီးဂိုက်​ကို တင်းကျပ်​စွာဆုပ်​ကိုင်​ရင်း သူ့ကို​တွေးသည့်​အ​တွေး​တွေကို ​မောင်းထုတ်​လိုက်​​လေသည်​။

"မင်း​ကြောင့်​ ငါရူးရ​တော့မယ်​ ​ရောင်​နီ​ရေ "

သက်​ပြင်းတစ်​ချက်​ချကာ မိမိကြားရုံသာ ထိုစကားဆိုပြီး တီ​လေးအိမ်​သို့ပြန်​လာလိုက်​​လေသည်​။ ​မေ့​အောင်​ကိုယ်​စိတ်​ကိုထိန်း​သော်​လည်း သူအ​ကြောင်း​တွေးတာနဲ့ ရင်​ခုန်​လာတဲ့နှလုံးသား​လေးကို လက်​ဖြင့်​မနာ​အောင်​ထုရင်း

"မင်းလည်း အရမ်းမခုန်​နဲ့​လေကွာ "

မိမိနှလုံးသား​လေးကို အပြစ်​တင်​မိ​တော့သည်​။

o_O o_O o_O o_O

ခြံထဲ​ရောက်​သည်​နှင့်​ စက်​ဘီးကို​နေရာသို့ သွားထားကာ အိမ်​ထဲသို့ဝင်​လာ​လိုက်​​လေသည်​။မည်​သူတစ်​ဦးတစ်​​ယောက်​နဲ့မှ စကား​ပြောချင်​သည့်​စိတ်​မရှိသည့်​​ကြောင့်​ အ​ပေါ်တက်​ရန်​ ဧည့်​ခန်းသို့အဖြတ်

"သား ........"

အခန်းထဲ့သို့​သွားမည့်​ကျွန်​​တော်​​ခြေ​ထောက်​​တွေကတုံဆိုင်းလျှက်​။ မာမီအသံမှန်းသိ​သော်​လည်း မဟုတ်​​လောက်​ဘူးထင်​၍ ​ခြေလှမ်း​တွေဆက်​လှမ်း​နေလိုက်​​လေသည်​။

Pure love Where stories live. Discover now