Part-18

5.6K 381 18
                                    


မေ​မေရဲ့ မှာတမ်းအဆုံး ​မေ​မေထုပ်ပိုး​ပေးထား​သော ​ကျော့ပိုးအိတ်​ကိုလွယ်​ကာ သစ်​တို့အိမ်​ကိုသာလာခဲ့လိုက်​​လေသည်​။ သစ်​တို့အိမ်​​ရောက်​သည့်​နှင့်​အကုန်​လုံးကအဆင်​သင့်​ဖြစ်​​နေကြ​လေပြီဖြစ်​သည်​။ ဈာန်​နှင့်​​ကျော်​စွာမှာလွဲ၍ ။ သင်္ကြန်​မ​ရောက်​ခင်​နှစ်​ရက်​အလိုမှာ သွားရန်​သတ်​မှတ်​ပြီး သွားမည်​အချိန်​ကိုလည်း ည​နေပိုင်းမှာသွားရန်​လင်းသစ်​က တိုက်​တွန်းသည့်​မို့ ကျွန်​​တော်​တို့လည်း ဘာမှမ​ပြောဘဲ ​ခေါင်းသာညိတ်​လိုက်​ကြသည်​။

သွားမည်​အချိန်​မှာ 5:00PM လို့​ပြောထား​သော်​လည်း ခုထိဈာန်​နှင့်​​ကျော်​စွာ၏ အရိပ်​အ​ရောင်​​တောင်​မမြင်​ရ​သေးပါ။ကားကို​တော့ သစ်​​မေ​မေက စီစဉ်​​ပေးကာ ဦးတိုးကိုယ်​တိုင်​လိုက်​ပို့မည့်​ဟုဆို​တာ​ကြောင့်​ ​ဖေ​ဖေကခွင့်​ပြုခဲ့​လေသည်​။ဦးတိုးက ကားကို​သေချာစစ်​​ဆေး​နေ​လေသည်​။

လင်းသစ်​က​တော့ အန်​တီသစ္စာနှင့်​ စကား​ပြော​နေ​လေသည်​။ ဒါကလည်း သူအတွက်​အ​ရေးကြီး​လေသည်​ တစ်​ချိန်​မှာ ​ယောက္ခမ​တော်​ရမည်​ဆို​တော့ ခုထဲက လိုက်​​လျောညီ​ထွေ​နေတာ လင်းသစ်​အတွက်​တစ်​ချိန်​မှာအ​ထောက်​အကူပြု​လောက်​ပါသည်​။ကျွန်​​တော်​ကသာ ဈာန်​မလာ​သေးသည့်​မို့ ​သစ်​ကုလားအုတ်​မဖြစ်​ရုံ​မျော်​​နေရတာ။

"​ရောင်​နီ​လေး လာထိုင်​အုန်း​လေ အိမ်​​ပေါက်​ဝမှာ ဘာလို့မက်​တပ်​ရပ်​​နေတာလဲ သား "

အန်​တီက လင်းသစ်​နဲ့စကား​ပြောရင်း ကျွန်​​တော်​ကိုပါ​ခေါ်​နေသည့်​မို့ ကျွန်​​တော်​အန်​တီနားကဆိုဖာ​ပေါ်တွင်​ပဲထိုင်​လိုက်​​လေသည်​။သစ်​ကကျွန်​​တော်​ကိုမျက်​​စောင်းထိုးပြီး

"​ဟွန့်​ အကဲကိုပိုတယ်​ "

"ဘာဖြစ်​လဲ မိသစ်​မ ​အေး​ဆေး​နေ​နော်​ "

ကျွန်​​တော်​လည်း မနာခံဘဲ ပြန်​လည်​​ခြေပလိုက်​​လေသည်​။

"ဒီနှစ်​​ယောက်​က​တော့​လေ ​တွေ့တာနဲ့ ရန်​ဖြစ်​​နေကြတာပဲ ဒါနဲ့ ဈာန်​​လေးက​ကော ခုထိမလာ​သေးဘူးလား"

Pure love Where stories live. Discover now